အပိုင်း ၂၄ အဆင့်အမြင့်ဆုံး အခြေခံတည်ဆောက်ခြင်း သုံးခု

901 85 2
                                    

အပိုင်း ၂၄ အဆင့်အမြင့်ဆုံး အခြေခံတည်ဆောက်ခြင်း သုံးခု ၊
ဂူချန်းဂီ ခြိမ်းခြောက်ခံရခြင်း

'' နင်... ငါ့သခင်ကို နောက်တစ်ကြိမ် စော်ကားလိုက်တယ် ''

'' နင် သေ သင့်တယ် ''

လန်ယု က ဂူချန်းဂီ ရဲ့ လေသံမှ မနာလိုမှု ကို မသိရှိပေ။ ဂူချန်းဂီ က ချူခွမ်းရန် ကို စော်ကားပြောဆိုသည်ကိုကြားတော့ သူမ ဒေါသ အလွန်ထွက်လာ၏။

သူမသည် သူမရဲ့ အတောင်ပံ ကို ဖွင့်ထုတ်ပြီး ဖိနှိပ်ထားသော စိတ်ဝိညာဥ် စွမ်းအင်တွေကို အထွတ်အထိပ်သို့ ရောက်ရှိစေသည်။

'' သူမက တောင်ပံလူသားပေါ့ ''

'' လန်ယု က အတောင်ပံ မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်မယ်လို့ ငါ မထင်မှတ်ထားဘူးး''

'' အတောင်ပံ မျိုးနွယ်စုရဲ့ မိန်းမ တွေတိုင်းက သူမလို လှပကြတာလား??''

လန်ယု ၏ အတောင်ပံ တွေကို ဆန့်ထုတ်ပြီး သူမရဲ့ အကောင်းဆုံး တိုက်ပွဲ ဝင် ပုံစံသို့ ပြောင်းလိုက်၏။

သူမသည် သူမရဲ့ အတောင်ပံ တွေကို ခပ်ပြီး ကောင်းကင်သို့ ထိုးတက်သွားသည်။ အပေါ်ကနေ သိုင်းနတ်ဘုရားမ တစ်ပါးကဲ့ သို့ ထင်မှတ်ရပြီး ဂူချန်းဂီ ကို အေးစက်စွာ စိုက်ကြည့်နေသည်။

ထိုသို့ သော တိုက်ပွဲ ဝင်ပုံစံက လူတိုင်းကို ပိုပြီး တုန်လှူပ်သွားစေ၏။

လန်ယုသည် ဝိညာဥ် စွမ်းအားကို မြင့်တင်လိုက်ပြီး တာအိုစည်းချက်တွေ က အားပြင်းပြင်း ပေါ်ထွက်လာသည်။ သူမရဲ့ လက်တွေကြားက အဖြူရောင် အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကြီးမားသော တိုက်ပွဲ လှံ အသွင်သို့ ပြောင်းလဲ သွား၏။

များပြားသော တာအိုအက္ခရာ တွေက လှံရှည် ပတ်လည်တွင် ဖြစ်ပေါ်လာပြီး ကြီးစိုးသော အော်ရာတွေကို ဖြာထွက်စေသည်။

ထိုဟာက ဂူချန်းဂီ ကို အနည်းငယ် ခြိမ်းခြောက်ရန် လုံလောက်သည်။

'' အလင်းတရားစီရင်ခြင်း ''
လန်ယုသည် လှံကို ပစ်လွှတ်ရန် အဆင်သင့်ပြင်လိုက်ပြီး ကြွေးကြော်လိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora