အပိုင်း ၃၄၀ အခြေမဲ့ချောက်နက်သို့ဝင်ပေါက်၊ အကြေးခွံမျိုးနွယ်စု၏လေးဆက်မြောက်အုပ်စိုးသူဘုရင် ပိုင်မင်ရှို့
သူတို့ဆယ်ကြိမ်ထက်ပိုပြီးပေးဆပ်ရင်တောင်မလုံလောက်ပေ။
အကြိမ်တစ်ရာ ပေးဆပ်ရင်လည်းမလုံလောက်သေးချေ။
ချူခွမ်းရန်က သူတို့ကိုအကြိမ်ထောင်ပေါင်းမက ပြန်လည်ခံစားရစေချင်သည်။
' မင်းတို့တစ်ယောက်သတ်ရင် ငါကအယောက်တစ်ထောင်ပြန်သတ်မယ်...'
ချုခွမ်းရန်၏အေးစက်စက်စကားသံက လက်ရှိတွင်ရှိနေသောပညာရှင်များ၏ကျောရိုးများကိုအေးစိမ့်တက်သွားစေသည်။သူတို့ခန္ဓာကိုယ်မှ တာအိုစည်းချက်များပြင်းထန်စွာပေါက်ကွဲထွက်လာသည်။သူတို့အားလုံးက ချူခွမ်းရန်ကိုစိန်းစိန်းဝါးဝါးစိုက်ကြည့်နေကြပြီး သူ့ကိုအပိုင်းပိုင်းပိုင်းဖြတ်ပစ်ရန်မစောင့်နိုင်တော့သည့်အလားပင်...။
'' တစ်ယောက်အတွက်တစ်ထောင်ဟုတ်လား...၊ ချူခွမ်းရန် စကားတော့လှသားပဲ၊ ဒါပေမဲ့ငါတို့ရှိနေသရွေ့မင်းသူတို့ထဲက တစ်ယောက်ကိုတောင်မထိရဘူး...''
ပညာရှင်များထဲမှတစ်ယောက်က ဒေါသတကြီးပြောသည်။ထို့နောက်သူက လက်ဝါးတစ်ချက်ရိုက်ထုတ်လိုက်ရာ ၄င်းကချူခွမ်းရန်ကိုအုပ်မိုးလာ၏။
ချူခွမ်းရန်က ကုချင်းကြိုးကိုတီးခတ်လိုက်ပြီး ကုချင်းသံစဥ်တစ်ပိုင်းတစ်စကိုထုတ်လွှတ်လိုက်သည်။
ကုချင်းသံစဥ်နှင့် လက်ဝါးချီတို့ထိပ်တိုက်တွေ့ဆုံမိကြရာ ပြင်းထန်သောအားလှိုင်းများထွက်ပေါ်လာပြီး နောက်ဆုတ်လိုက်ကြရ၏။
ကျန်ရှိနေသော ပညာရှင်များကလည်း သူတို့၏တိုက်ခိုက်မှုများကိုထုတ်လွှတ်လိုက်ကြသည်။
စုစုပေါင်း အကြေးခွံပညာရှင်ခုနှစ်ယောက်ဖြစ်သည်။
ချုခွမ်းရန်က သိမြင်မှုမျက်လုံးကိုအသက်သွင်းကာ တစ်ယောက်ချင်းစီကိုသေချာစစ်ဆေးကြည့်လိုက်သည်။သူတို့ထဲမှ သုံးယောက်မှာ အဆင့်ငါးပညာရှင်ဖြစ်ပြီး နှစ်ယောက်မှာ အဆင့်သုံးပညာရှင်ဖြစ်သည်။ကျန်နှစ်ယောက်မှာကား ကြီးမြတ်သောပညာရှင်အဆင့်ကိုရောက်နှင့်ပြီးးလေပြီ။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...