အပိုင်း ၁၇ ရွှေအဆင့်ဉာဏ်အလင်းကတ်၊ ဉာဏ်အလင်းကိုအဆင့်မြင့်ခြင်း

948 96 0
                                    

အပိုင်း ၁၇ ရွှေအဆင့်ဉာဏ်အလင်းကတ်၊ ဉာဏ်အလင်းကိုအဆင့်မြင့်ခြင်း

အရှင်ရွမ်ချီ အပါအဝင်တခြားသောအဆင့်မြင့်အကြီးအကဲများနှင့်ကြီးမြတ်သော တာအိုဆရာသခင်အချို့တို့သည် စာကြည့်တိုက်ကိုကြည့်ကာ အံ့အားသင့်နေကြသည်။

'' တာအိုဉာဏ်အလင်း စီနီယာအစ်ကိုကြီးကတကယ်ပဲ ဉာဏ်အလင်းရတဲ့အခြေအနေကိုရောက်နေတာပဲ''

'' အစ်ကိုကြီးကအစကတည်းက မဟာတာအိုခန္ဓာကိုယ်ကိုလည်းပိုင်ဆိုင်ထားသေးတယ်၊အခုတာအိုဉာဏ်အလင်းလည်းရနေသေးတယ်ဆိုတော့ အနာဂတ်မှာ အဇူရာနယ်မြေမှာရှိတဲ့ လူငယ်မျိုးဆက်ရဲ့ ထိပ်ဆုံးကိုရောက်တော့မယ်ထင်တယ်''

'' ကောလဟာလတွေအရ ၊ကမ္ဘာကြီးရဲ့  လွန်ခဲ့တဲ့နှစ်အနည်းငယ်က ' ထိပ်ဆုံးကံဟောသူအင်ပါယာလမ်းပြန်စကတင်လာပြီးတော့ ကမ္ဘာကြီးမှာ အင်ပါယာအသစ်တစ်ပါးပေါ်ထွက်လာလိမ့်မယ်' လို့ဟောကြားခဲ့တယ်ဆိုပဲ၊ငါ့အမြင်အရတော့စီနီယာအစ်ကိုကြီးက ပလ္လင်နဲ့အသင့်တော်ဆုံးလို့ထင်တယ်''

တချိူ့သောတာအိုဆရာသခင်တို့သည် သူတို့လေးစားမှုကိုမထိန်းသိမ်းနိုင်ကြတော့ပေ။

မကြာသေးမီကပင် ချူခွမ်းရန်၏အနိုင်ယူခြင်းကိုခံလိုက်ရသောနန်းကုန်းဟောင်သည် ရှုံ့တွစွာပြုံးလိုက်သည်။

'' ကြည့်ရတာသူကို့ကျော်လွန်ဖို့ ငါ့အတွက်မဖြစ်နိုင်တော့တဲ့ပုံပဲ''

သူသည်ချူခွမ်းရန်ဆီတွင်အရှုံးပေးလိုက်ရသော်လည်း မိမိတို့၏မျိုးဆက်တွင် ထိပ်ဆုံးသို့မရောက်ချင်သောလူငယ်မရှိပေ။နန်းကုန်ဟောင်သည်လည်း ချွင်းချက်မဟုတ်ပေ။

သို့သော်လက်ရှိတွင်သူသည် ချူခွမ်းရန်ထက်အားနည်းသည်ကိုလည်းမငြင်းနိုင်ပေ။
.....
စာကြည့်တိုက်ထဲတွင်...

ချူခွမ်းရန်သည် အမျိုးမျိုးဓားတာအိုကျမ်းများကိုဖတ်ရှု့လျှက်ရှိနေသည်။

တာအိုဉာဏ်အလင်းအောက်တွင် သူ၏လေ့လာနိုင်စွမ်းသည်မြန်သထက် မြန်ဆန်လာခဲ့သည်။ဓားတာအိုကျမ်းများကိုတစ်ချက်ကြည့်ရုံဖြင့် နားလည်လာခဲ့၏။ထိုအရာသည် ကမ္ဘာပေါ်ရှိ ဓားသမားတိုင်း၏အိမ်မက်ဖြစ်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now