အပိုင်း ၃၂ ထိပ်တန်းဓားချက်၊ ရီပိုင်ဖန်း ၏မျက်လုံးများနီရဲသွားသည်

797 75 0
                                    

အပိုင်း ၃၂ ထိပ်တန်းဓားချက်၊ ရီပိုင်ဖန်း ၏မျက်လုံးများနီရဲသွားသည်

'' ​အရှင်ယွမ်လင် ရဲ့ရတနာတွေထဲကတစ်ခုက ခရမ်းရောင်မူလအခိုးအငွေ့ဖြစ်တဲ့ ပညာရှင်ကံကြမ္မာ  ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး၊ အရှင်ယွမ်လင်က စွမ်းအားကြီးတဲ့သူဆိုတော့ ဒီခရမ်းရောင်မူလအခိုးအငွေ့ကို အသုံးမလိုတာ အံ့ဩစရာမရှိဘူးလေ''

'' သူမအောင်မြင်ဘဲကျဆုံးသွားတာကတော့ရှက်စရာပဲ...သူရဲ့တိုက်ပွဲစွမ်းရည်ကအရမ်းမြင့်တာဆိုတော့၊မဟုတ်ရင် သူ...ပညာရှင် ဖြစ်ပြီးနောက်ပိုင်းမှာ သူရဲ့ မျိုးဆက်တစ်ခုလုံးကိုဖိနှိပ်နိုင်လိမ့်မယ်''

သတ္တမအကြီးအကဲက ပြောဆိုလိုက်၏။

ချူခွမ်းရန်ကထိုစကားကိုကြားသည်နှင့် မေးလိုက်သည်။

'' ဒါဆိုဒီပစ္စည်းကစီနီယာအတွက်အကျိုးရှိလို့လား''

'' အိုး ရပါတယ်... အဲ့တာကိုမင်းပဲသိမ်းထားလိုက်ပါ...တကယ်လို့မင်းသုံးချင်ရင်သုံးလို့ရတယ်ဒါမှမဟုတ် ဂိုဏ်းကတခြားလူတွေကိုပေးလို့ရတယ်...အဲတာက ငါ့လို့လူတစ်ယောက်အတွက်သုံးလိုက်တာထက် ကောင်းပါတယ်လေ''

သတ္တမ​မြောက်ဘိုးဘေးက ရယ်ကာဆိုသည်။သို့သော်ချူခွမ်းရန်က ထိုစကားထဲတွင် ဝမ်းနည်းမှုအရိပ်အယောင်များကိုတွေ့လို်က်ရသည်။

သူမသိသည်မှာ သတ္တမဘိုးဘေးသည် ကောင်းကင်ပျက်စီးခြင်းငါးဆင့် ရောက်ရှိနေခြင်းကိုပင်။သူသည် သူ၏နောက်ဆုံးနေ့ရက်များကို ရောက်ရှိနေပြီဖြစ်သည်။အကယ်၍ ခရမ်းရောင်မူလအခိုးအငွေ့ကို သူ့ကိုပေးလိုက်လျှင်လည်း အကျိုးမရှိပဲ ဖြုန်းတီးမှုတစ်ခုသာဖြစ်သွားပေလိမ့်မည်။

ချူခွမ်းရန်ကထပ်မံပြောဆိုမနေတော့ ခရမ်းရောင်မူလအခိုးအငွေ့ ကိုသိမ်းဆည်းထားလိုက်သည်။

သူထိုအရာကို အသုံးပြုရန်မဆုံးဖြတ်ခဲ့ပေ။

ထိုအငွေ့ကိုအသုံးပြုကာအဆင့်တက်ခြင်းသည် သုံးစွဲသူကို တာအိုစွမ်းအားမလုံလောက်မှုကြောင့် စွမ်းအားလျော့နည်းစေသည်။ချူခွမ်းရန်က သူ၏ကိုယ်ပိုင်စွမ်းအားဖြင့်သာ သိုင်းအကျော်အမော် တစ်ယောက် ဖြစ်ချင်လေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now