အပိုင်း ၃၅၁ မှန်လှပါ၊ အရှင့်သမီး၊ ချူခွမ်းရန်က တော်တော်လုပ်နိုင်တာပဲ

494 50 0
                                    

အပိုင်း ၃၅၁ မှန်လှပါ၊ အရှင့်သမီး၊ ချူခွမ်းရန်က တော်တော်လုပ်နိုင်တာပဲ

ညစာစားပွဲ...။

    ချူခွမ်းရန်က ဂူချင်းဂီကိုသတိထားမိသည်။အရင်က သူသည် နိုင်ငံ၏အ်ိမ်ရှေ့စံမင်းသားဖြစ်သလို နောင်တက်မည့်ဘုရင်မင်းမြတ်အလောင်းအလျာဖြစ်ခဲ့သည်။

သို့သော် နောက်ပိုင်းတွင် မင်းသမီးလင်းလုံက သူ၏နေရာကိုယူသွားခဲ့သည်။

    အကယ်၍ ဂူချန်းဂီက သူ၏နေရာကိုလက်လွတ်လိုက်ရသည့်အတွက် ဒေါသထွက်ပြီး မခံမရပ်နိုင်ဖြစ်နေသည်ကိုမြင်ရလျှင် သူအံ့ဩမည်မဟုတ်ပေ။သို့သော် ယခုတွင်ကား ဂူချန်းဂီက သူ၏မျက်နှာပေါ်တွင် အပြုံးပန်းများဝေဆာလျက် တခြားမင်းသမီးမင်းသားများနှင့် စကားပြောနေသည်။သူ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်အနည်းငယ်ကိုမှ ရှာမတွေ့ချေ။

ချူခွမ်းရန်က ကိုယ့်မျက်စိကိုပင်မယုံကြည်နိုင်ဖြစ်နေသည်။

သူတို့မတွေ့ရသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သည်။မတွေ့ရတဲ့ နှစ်အနည်းငယ်အတွင်းမှာ ဂူချန်းဂီက ဒီလောက်တောင်ပြောင်းလဲသွားသည်လော...။

    သို့သော် ချူခွမ်းရန်က ထိုအ​ကြောင်းကိုသိပ်အာရုံထားခြင်းတော့မရှိပေ။

  တော်ဝင်အဇူရာပြည့်ရှင်က မင်းသမီးလင်းလုံအား ပလ္လင်ကိုဆက်ခံစေမည့်အကြောင်းကို ဂူချန်းဂီအားအစောကတည်းကပင် အသိပေးပြီးသားဖြစ်သော​ကြောင့်ဖြစ်ကောင်းဖြစ်နိုင်လိမ့်မည်။

မကြာမီ...ညစာစားပွဲပြီးဆုံးသွားသည်။

တော်ဝင်မိသားစုဝင်များက တစ်ယောက်ပြီးတစ်ယောက်နန်းတော်မှ ထွက်ခွာသွားကြသည်။

   '' စိတ်မကောင်းစရာပဲ၊ အမှန်က ထီးနန်းဟာ အိမ်ရှေ့စံမင်းသားရဲ့အပိုင်ဖြစ်ရမှာ၊ ဒါပေမဲ့ မင်းသမီးလင်လုံက ရုတ်တရက်ပေါ်လာပြီးတော့ သူ့ဆီကလုသွားလိမ့်မယ်လို့ ဘယ်သူထင်ထားမှာလဲ...''

'' အမှန်ပဲ၊ ဒါပေမဲ့ ငါတို့အားလုံးသိတာက မင်းသမီးလင်လုံဟာလည်း ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ အမျိုးသမီးတစ်ဦးဆိုတာပဲ၊ မဟုတ်ရင် အဖေက ဒီအရိုက်အရာကိုဘယ်လွှဲပေးပါ့မလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now