271-275

706 59 15
                                    

အပိုင်း ၂၇၁ ဂိုဏ်းချုပ်ကကျုပ်တို့ကိုအရမ်းလျှော့တွက်လွန်းနေတာပဲ၊ တာအိုဆရာသခင်များနှင့် ဓားချီကိုယ်ပွားတို့၏တိုက်ပွဲ...

'' ဒီရေကန်က ငါတို့ရဲ့ရိုးတွင်းခြင်ဆီတွေကိုသန့်စင်ပေးပြီးတော့ ငါတို့ရဲ့အရိုးတည်ဆောက်ပုံကို တိုးတက်စေတယ်ဆိုတာ မယုံနိုင်သေးဘူး...''

  '' ဂိုဏ်းချုပ်က ဒီလိုရတနာမျိုးကို ဘယ်နေရာက ရခဲ့ပါလိမ့်...''

   '' ဒါကြောင့် ဒီရေကန်ကို ရိုးတွင်းခြင်ဆီသန့်စင်ခြင်းရေကန်လို့ခေါ်တာပဲဖြစ်ရမယ်...''

'' ဒီရေကန်က အရမ်းမိုက်တယ်...''

လူတိုင်းအံ့ဩနေကြသည်။

   သူတို့သည်အရင်က လူတစ်ယောက်၏ ရိုးတွင်းခြင်ဆီကို သန့်စင်ပေးကာ အရိုးတည်ဆောက်ပုံကို တိုးတက်စေနိုင်သောရတနာအများအကြောင်းကိုကြားဖူး၏။သို့သော် ဤရိုးတွင်းခြင်ဆီသန့်စင်ခြင်းရေကန် မတိုင်မီ ထိုကဲ့သို့သောရတနာမျိုးကို အရင်က ကိုယ်တိုင်မတွေ့ကြုံဖူးခဲ့ချေ။

ရေကန်၏ဘယ်ဘက်ခြမ်းတွင်...။

   ကျန်းရီသည် ရေကန်၏စွမ်းအင်လှိုင်းများက သူမ၏ခန္ဓာကိုယ်ထဲကိုအဆက်မပြတ်ဝင်ရောက်လာပြီး သူမ၏ဝိညာဥ်စွမ်းအားများကို လျော့နည်းသွားစေသည်ကို ခံစားနေရ၏။

ထိုစွမ်းအင်၏အကျိုးသက်ရောက်မှုအောက်တွင် သူမ၏အရိုးဖွဲ့စည်းပုံကဖြည်းဖြည်းချင်းတိုးတက်လာနေသည်။

''တကယ်လို့ ငါတို့ရဲ့ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအားတွေအကုန်လုံးပျောက်ကွယ်သွားတဲ့အချိန်ကျရင် ရေကန်ရဲ့စွမ်းအားကိုပိုပြီးစုပ်ယူနိုင်လာလိမ့်မယ်...''

ကျန်းရီ၏မျက်လုံးများကတောက်ပသွား၏။

'' ဂိုဏ်ချုပ်က ငါတို့ကိုမောပန်းနွမ်းနွယ်တဲ့အထိ အပြင်းအထန်လေ့ကျင့်စေပြီးမှ ရေကန်ထဲကိုဝင်ခိုင်းတာက ဒါကြောင့်ကိုး...''

'' အဟွတ်...အဟွတ်...''

ရေကန်ထဲတွင် သူမ၏မျက်နှာတစ်ဝက်ခန့်ကိုနစ်ထားသော တာအိုဆရာသခင်တစ်ယောက်က မွန်းကျပ်သလိုခံစားနေရသည့်ဟန်ဖြင့်ရုတ်တရက် ချောင်းဆိုးသံပြုလိုက်ပြီး ကျန်းရီကိုထူးဆန်းသလိုကြည့်လိုက်၏။ရှန်ချင်းရွယ်နှင့်တခြားတာအိုဆရာသခင်များကလည်း ရုတ်တရက်တစ်ခုခုကို တွေးတောမိလိုက်ကြပြီး ရှက်ရွံ့နေကြသည့်ဟန်ဖြင့် မျက်နှာများနီရဲစပြုလာကြသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now