အပိုင်း ၂၆ချန်းဂီ ကို တစ်ချက်တည်းဖြင့် ဒဏ်ရာရစေသည်

903 92 0
                                    

အပိုင်း ၂၆

ဂူချန်းဂီ ကို တစ်ချက်တည်းဖြင့် ဒဏ်ရာရစေသည်၊
ငါရဲ့ ကိုယ်ပိုင် တီထွင်မှု

ချူခွမ်းရန် ရှေ့တွင် စာကြောင်းရှည် တစ်ခု ပေါ်လာ၏။

ဂူချန်းဂီ ၏ ဝိသေသလက္ခဏာ ၊ ကျင့်ကြံခြင်း နည်းစနစ်များ ၊ ဖုံးကွယ်ထားသော လှည့်ကွက် များနှင့် ပတ်သက်သည့် အချက်အလက်ပါတိုင်းကို ရှင်းရှင်းလင်းလင်း နားလည်သွားသည်။

ချူခွမ်းရန်သည် သိမြင်မှု မျက်လုံးရဲ့ သာလွန်မှု နှင့် ပတ်သက်၍ ရောထွေးသော ခံစားချက်များကို မတတ်နိုင်ခဲ့ပါ။

တကယ်တော့... ကိုယ့်ကိုကိုယ် သိပြီး ရန်သူကိုပါ နားလည်သော အရာက ဘယ်တော့မှ မရှုံးနိမ့်နိုင်သော သေချာတဲ့ အောင်ပွဲ ဖြစ်ပေသည်။

သို့သော်...ဒီ သိမြင်မှု မျက်လုံးက အလွန် စွမ်းအားကြီးလွန်းသည်။ တိုက်ပွဲတွင် ရန်သူရဲ့ နည်းစနစ်တွေကို မတွေ့ကြုံသေးဘဲ ထိုဟာကို လုံးဝ ထုတ်ဖော် ခွဲခြမ်းစစ်ဖြာပြီး ဖြစ်သည်။ တကယ့်ကို ကြောက်စရာကောင်းသော နည်းစနစ်တစ်ခု ဖြစ်၏။
'' ဟေးးး....ကောင်းကင်နက် ဂိုဏ်း ရဲ့ စီနီယာအစ်ကိုကြီး ၊
မင်းက တိုက်ခိုက်ရမှာ ကြောက်နေတာလား? ''

ဂူချန်းဂီက ချူခွမ်းရန်၏ နှုတ်ဆိတ်နေခြင်းသည် သူ့ကို တိုက်ခိုက်ရမှာ ကြောက်သည်ဟု တွေးလိုက်မိ၏။

ထိုအတွေးကို စဥ်းစားမိသောအခါ...သူ့ရဲ့ လေသံက ပျော်ရွင်ဟန် ပေါက်နေသည်။

သူ့ရဲ့ ပြိုင်ဘက်၏ အချက်အလက်များကို ရှာဖွေနေသော ချူခွမ်းရန် သည် ထိုစကား ကြားပြီးနောက် သိမြင်မှု မျက်လုံး ဆန်းစစ်ခြင်း နည်းစနစ်ကို ပြန်လည် ရုပ်သိမ်းပြီး
'' ဒါကို ယူလိုက်ပါ '' ဟု ပြောလိုက်သည်။

'' ကောင်းပြီ ''

ဂူချန်းဂီသည် သူ့ရဲ့ မျက်လုံးမှ ဖြာထွက်လာသော တိုက်ခိုက်လိုစိတ်အပြည့်ဖြင့် ညင်းညူလိုက်၏။
'' မင်းရဲ့ မဟာ တာအိုခန္ဓာက ဘယ်လောက်တောင် အားနည်းသလဲ ဆိုတာ ငါသက်သေ ပြပေးမယ် ''

စကားပြောပြီးနောက် သူသည် သူ့အတွင်းမှ ဝိညာဥ် စွမ်းအားတွေကို ထုတ်လွှတ်ပြီး ပထမဆုံး ရွေ့လျားကာ လက်သီးတစ်ချက် ထိုးလိုက်၏။
သူထုတ်လွတ်လိုက်သော ဝိညာဥ်စွမ်းအားသည် ထက်ရှသော သင်တုန်းဓား ကဲ့သို့ လက်သည်းများပါရှိသည့် နဂါးတစ်ကောင်အဖြစ် ထင်ရှားလာသည်။ ကြောက်စရာကောင်းသော စွမ်းအား နှင့် မရေတွက်နိုင်သော တာအို စည်းချက် များ၏ ကြီးကျယ်သော ဖိနှိပ်မှုက ချူခွမ်းရန် ကို ခဏလေးအတွင်း လုံးလုံးလျားလျား ဖုံးလွှမ်းသွား၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now