အပိုင်း ၃၇၃ ကောင်းကင်ဘုံမှခိုးယူမှု

418 44 0
                                    

အပိုင်း ၃၇၃ ကောင်းကင်ဘုံမှခိုးယူမှု၊ အင်ပါရီယန်ခန္ဓာကိုယ်အားချေမှုန်းခြင်း၊ ရှောင်လင်းတန် စိတ်ပျက်အားငယ်စွာကျဆုံးခြင်း

    သူဆီသို့လာနေသော လက်သီးချီကိုမြင်သောအခါ ချူခွမ်းရန်က အနည်းငယ်အံ့ဩသွား၏။သို့သော် ချူခွမ်းရန်က သူ၏ရက်စက်ချီများကို ချက်ချင်းစုစည်းလိုက်ပြီး လက်သီးနည်းစနစ်တစ်ခုဖြင့်ပြန်လည် တုံ့ပြန်တိုက်ခိုက်လိုက်လေသည်။

  စွမ်းအားနှစ်ခု ထိပ်တိုက်တွေ့ဆုံမိသည်နှင့် ဘန်းခနဲဆိုပြီး ဧရာမပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပေါ်လာသည်။

နောက်ဆက်တွဲအနေဖြင့် ကြောက်မက်ဖွယ်ကောင်းသောစွမ်းအင်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာပြီး အင်ပါရီယန်လျှောက်လှမ်းသူများကို ပိုဝေးသောတစ်နေရာသို့တွန်းပို့လိုက်လေသည်။

'' အဲ့ဒါ ဘယ်သူလဲ၊ ဒီလိုကြီးမားတဲ့စွမ်းအားကိုထုတ်ဖော်နိုင်တယ်...''

    '' သူက ကောင်းကင်ရွှေအင်ပါရီယန်ခန္ဓာကိုယ်လို့ပြောလိုက်တာလား၊ အဲ့ဒါက မဟာတာအိုခန္ဓာသုံးထောင်ထဲမှာ ဒုတိယနေရာမှာရှိတယ်မလား...''

   '' ဘုရားရေ...၊ ဒီလူကဘယ်ကရောက်လာတာလဲ...''

    ပွဲကြည့်ပရိတ်သတ်များက ထိုလက်သီးထွက်ပေါ်လာရာ အရင်းအမြစ်သို့ အံ့ဩတုန်လှုပ်စွာဖြင့် ကြည့်လိုက်မိကြသည်။

   အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထားသော လူငယ်တစ်ဦးက တောင်ထိပ်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေ၏။သူ၏ မျက်နှာအမူအရာက မာကျောခက်ထန်နေပြီး သူ၏ခန္ဓာကိုယ်မှ အလွန်တရာမှလွမ်းမိုးနိုင်စွမ်းကြီးမားသော အော်ရာများကိုထုတ်လွှတ်နေလေသည်။

ထိုလူငယ်ကိုကြည့်လိုက်ကြသော သူတိုင်းသည် အမျိုးအမည်မသိသော လွှမ်းမိုးမှုကြီးတစ်ခုကိုခံစားကြရ၏။

    ထိုလူငယ်က ​ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်နှင့် မီတာထောင်ပေါင်းများစွာကိုဖြတ်ကျော်ကာ ချူခွမ်းရန်၏ရှေ့သို့ချက်ချင်း ရောက်ရှိလာ၏။သူက ချူခွမ်းရန်ကို ကြည့်ကာပြောလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now