အပိုင်း ၃၄၄ ပြောင်းလဲနေသောရှု့ခင်း

510 54 1
                                    

အပိုင်း ၃၄၄ ပြောင်းလဲနေသောရှု့ခင်း၊ အင်ပါရီယန်လျှောက်လှမ်းသူတွေပေါ်လာပြီ...

ချူခွမ်းရန်က ရေထက်တွင်ပေါ်လာခဲ့သည်။

သူ၏ရုတ်တရက်ပေါ်ပေါက်လာမှုက ပင်လယ်ပြင်ကိုစောင့်ကြည့်နေကြသော ပညာရှင်များကိုတုန်လှုပ်သွားစေသည်။

' ဒီခွေးကောင်က မသေသေးဘူးလား...''

ချူခွမ်းရန်က ပညာရှင်များစွာသူ့ကိုစောင့်ကြည့်နေသည်ကိုသိသော်လည်း ဂရုမစိုက်ပေ။ထို့အစားသူက ပြောလိုက်သည်။

'' အကြေးခွံမျိုးနွယ်စုက သတ်ခဲ့တဲ့အသက်တစ်သက်အတွက် သူတို့ဆီကတစ်ထောင်ကိုငါပြန်သတ်မယ်...''

'' ဒါက ငါလုပ်ကိုလုပ်ရမဲ့အရာပဲ...၊ ဒါကိုခင်ဗျားတို့ပညာရှင်တွေမကျေနပ်ရင် ကျုပ်ဆီအလည်လာလို့ရတယ်...''

ဆွံ့အနေသော ပညာရှင်များကိုလျစ်လျူရှု့ကာ ချူခွမ်းရန်၏ပုံရိပ်က ပင်လယ်ပြင်ထက်မှဖျတ်ခနဲပျောက်ကွယ်သွားသည်။ပညာရှင်များ၏ဝိညာဥ်အာရုံတို့မှာ အချင်းချင်းဆွေးနွေးရင်း ကျန်ရစ်ခဲ့သည်။

သူတို့ အလောင်းပင်လယ်ကြီးကိုကြည့်လိုက်ကြသောအခါ ချုခွမ်းရန်နှင့်ပတ်သတ်ပြီး ပိုမိုစိုးရိမ်လာကြသည်။

'' ဒီအလောင်းခြောက်တွေက...''

မကြာခင် ပညာရှင်တစ်ဦးက သတိပြုမိသွားသည်။

ရေပေါ်တွင်ပေါလောပေါ်နေသော အလောင်းအများစုမှာ ခြောက်သွေ့နေကြောင်း သူတို့သတိထားမိသွားကြ၏။

'' ဒီအလောင်းခြောက်တွေက ရင်းနီးနေသလိုမခံစားရဘူးလား...''

ပညာရှင်တစ်ဦးက ကြောက်ရွံ့တုန်လှုပ်စွာဆိုသည်။

'' အမည်မဲ့ကျွန်းမှာတုန်းက ခေါင်းမဲ့အမျိုးသမီးရဲ့သတ်ဖြတ်ခြင်းကိုခံလိုက်ရတဲ့ ပညာရှင်တွေလည်း ဒီလိုပဲလေ...၊ သူတို့ရဲ့ အသက်အဆီအနှစ်တွေအကုန်လုံး စုပ်ယူခံလိုက်ရတာပဲ...''

ထိုအခါမှ ပညာရှင်များက အမှန်တရားကိုရှာဖွေတွေ့ရှိလာကြသည်။

ခေါင်းမဲ့အမျိုးသမီး၏ အမည်မဲ့ကျွန်းပေါ်မှသတ်ဖြတ်ပွဲကြီးကို သူတို့ကောင်းကောင်းအမှတ်ရနေကြသေးသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now