အပိုင်း ၃၄ နှင်းနဂါးသုံး​ေဖာ်ကအမှိုက်ပဲ၊ ဒုက္ခမရှာတာကောင်းလိမ့်မယ်

773 76 0
                                    

အပိုင်း ၃၄ နှင်းနဂါးသုံး​ေဖာ်ကအမှိုက်ပဲ၊ ဒုက္ခမရှာတာကောင်းလိမ့်မယ်

'' အနက်ဝတ်လူငယ်က သံမဏိတောင်ကုန်း ဂိုဏ်းကပဲ..ဒါတောင်သူက ချူခွမ်းရန်ရဲ့ အစေခံနဲ့တောင် တိုက်ခိုက်ဖို့မထိုက်တန်ဘူးလား...''

'' ငါစိုးရိမ်မိတာက သူ့ရဲ့တာအိုစိတ်ဆန္ဒက ပျက်ပြားသွားမှာကိုပဲ...သူကိုတာအို လောကကြီးမှာ နောက်ထပ် ထပ်ပြီးတွေ့ရမှာ မဟုတ်မှာတောင်စိုးရိမ်မိတယ်''

'' ချူခွမ်းရန်က ရူးသွားပြီလား.''

'' သူ့ကို တာအိုဆရာသခင် တစ်ယောက်က စိန်ခေါ်နေတာတောင်... သူအစေခံကိုပဲလွှတ်ပြီးမျှော်လင့်ချက်မ​ဲ့အောင်လုပ်လိုက်တယ် ငါတို့သတိထားမှရမယ်''

လူစုသည် နောက်ထပ်ဆွေးနွေးနေကြပြန်သည်။သူတို့သည် ချူခွမ်းရန်ကို သတိထားနေကြသည်။

တခြားတစ်ဖက်တွင် ချူခွမ်းရန်သည် ပိုမိုရှုပ်ထွေးလာသည်။

သူက အနက်ဝတ်လူငယ်ကို အဆင်ပြေသလားလို့ကြည့်နေသည်။သူအာရုံတစ်ချက် လွှတ်သွားသည်နှင့် ထိုလူငယ်က စိတ်ဓာတ်ကျကာ မြင်ကွင်းမှပျောက်ကွယ်သွား၏။ မည်ကဲ့သို့ဖြစ်ရသနည်း။

'' ဟင့်...သံမဏိတောင်ကုန်းဂိုဏ်းက အသုံးမကျဘူး...ငါတို့နှင်းနဂါးသုံးဖော်က ချူခွမ်းရန်ကို သင်ခန်းစာပေးရတာပေါ့''

စကားဆုံးသည်နှင့် လူသုံးယောက်သည် လူအုပ်ထဲမှထွက်ပေါ်လာသည်။

ထိုသုံးယောက်လုံးသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး တစ်​ေယာက်ချင်းစီသည် ထိပ်တန်းလက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။

ချူခွမ်းရန်သူ၏မျက်ခုံးများကို အနည်းငယ်ကွေးလိုက်သည်။

ဒါကအဆုံးမသတ်သေးဘူးလား

သူပြာဖြစ်သွားတော့မှပဲ ရပ်ကြတော့မှာလား...

သူကတိုက်ခိုက်ရန်ပြင်နေသော လန်ယုကိုဆွဲကာပြောလိုက်သည်။

'' သူတို့က ငါ့ကိုစိန်ခေါ်တာ ဒီကိစ္စကို ငါပဲကိုင်တွယ်လိုက်မယ်''

'' သခင်သူတို့က ဒီအတိုင်း လူညံ့တွေသာသာပဲ...ကျွန်မပဲ ကိုင်တွယ်လိုက်မယ်''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora