အပိုင်း ၃၀ ကြီးကျယ်သော ကောင်းကင်သားတော်များကို ရှုံးနိမ့်စေပြီး မြင့်မြတ်သခင် ယွမ်လင် ၏ ရတနာ သိုက် ဆီသို့...
'' ဟားဟား...သူတို့ ပွင့်လန်းကြပါစေ ၊ ငါ တစ်ယောက်တည်း ရပ်တည်ကျန်ခဲ့မှာ ''
'' ကောင်းလိုက်တာ...ချူခွမ်းရန်! တကယ်ကို မှတ်သားစရာဘဲ ... မင်းရဲ့ ခွန်အားကို ဒီလိုမျိုး ရူးသွပ်စွာ အကြာကြီး ထိန်းထားနိုင်မလား ဆိုတာ ငါကြည့်နေမယ် ''
ဇီယန်တောင်ကြားတွင် ခရမ်းရောင် ဝတ်စုံ ဝတ်ထားပြီး ကျောက်တုံးပုံ မျက်နှာ ဖြင့် လူငယ်လေးသည် တောက်ပနေသော နေကို ကြည့်ရင်း ရယ်လိုက်၏။
....
အခြားဂိုဏ်းကြီးဖြစ်သည့် ကြာဖြူကျောင်းတော်တွင် ခြေကျင်းတွင် ခေါင်းလောင်းလုံးလေးတွေ စီကုံး ဝတ်ဆင်ထားသည့် လှပသော မိန်းမပျိုလေးတစ်ယောက်က ရေကန်ဘေးတွင် ထိုင်နေသည်။
သူမရဲ့ ကျောက်စိမ်းလို ခြေထောက် ဖြူဖြူလေးများသည် ပေါ့ပါးစွာ လှုပ်ခပ်နေပြီး လှိုင်းလုံးလေးတွေ ဖြစ်ေပါ်စေ၏။'' ပွင့်လန်းကြပါစေ ၊ ငါတစ်ယောက်တည်းသာ ရပ်တည်ကျန်ခဲ့မှာ? ''
'' ကောင်းကင်နက်ဂိုဏ်း ရဲ့ စီနီယာအစ်ကိုကြီး က ဖြုံလောက်စရာ ကောင်းတာလား ဒါမှမဟုတ် သူက စကားလုံးပြောတာ တော်တာလား? ကောင်းကင်အောက်က အရာတိုင်း လူတိုင်း ကို ဥယျာဉ် ထဲက ပန်းပင်တွေလို့တင်စားထားတယ်တဲ့လား...ဒါမှ မဟုတ် ရည်မှန်းချက်ကြီးပြီး နောက်ဆုံးမှာသေသွားမယ့် ကောင်းကင်သားတော်တစ်ယောက်လားဆိုတာစောင့်ကြည့်ရတာပေါ့...''
'' ဒီကောင်က အခြား ဂူချန်းဂီ လို မဖြစ်တာက ပိုကောင်းမယ် ''
....
မဟာဂိုဏ်းကြီးတွေရဲ့ တာအိုဆရာသခင် တွေအကုန်လုံး တုန်လှုပ်ကုန်၏။
သတင်းများကို ကြားပြီးချက်ချင်း တစ်ချို့က ခက်ထန်သော အမူအရာတွေ ဖြစ်ကုန်သည်။
''ကျနော်က ဓမ္မ ဂိုဏ်း မှ ယွမ်ဟောင် ဖြစ်ပါတယ် ''
'' ကောင်းကင်နက်ဂိုဏ်း ရဲ့ စီနီယာအစ်ကိုကြီး က ထိပ်ခေါင်တွေရဲ့ အမြင့်ဆုံးနေရာမှာ နေမယ်လို့ ကြွေးကြော်ထားတာကြောင့် အနာဂါတ်မှာ ကျနော်တို့ လမ်းကြောင်းကို ဖြတ်ကျော်ပြီး ကျနော်တို့ အချင်းချင်း စိန်ခေါ် တိုက်ခိုက်မည်ဆိုတာ မဖြစ်နိုင်ဘူး လို့ ကျနော်ထင်တယ် ''
ВЫ ЧИТАЕТЕ
Боевикအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...