256-260

725 51 0
                                    

အပိုင်း ၂၅၆ မင်းလို အမှိုက်သာသာကောင်ကို ဘယ်လို သတ်သင့်လဲ။ ငါ့ရဲ့ရောက်ရှိမှုကို လေးလေးစားစား စောင့်ပါ

ချူခွမ်းရန်နှင့် လန်ယုတို့ နှစ်ယောက်လုံးသည် တော်ဝင်နန်းတော်သို့ အတူတူရောက်ရှိလာ၏။
တော်ဝင်အဇူရာပြည့်ရှင်နှင့် မင်းသမီးလင်းလုံတို့သည် သူတို့နှစ်ဦးကို မြင်သည်နှင့် ဝမ်းမြောက်သွားသည်။
သို့ရာတွင်၊ ချူခွမ်းရန်သည် လူအုပ်ရှေ့ရောက်လာရာ ဒဏ်ရာရနေသော မင်းသမီးလင်းလုံကို မြင်၍ သူ့မျက်လုံးတွင် အေးစက်စက် အလင်းတစ်ချက် လင်းသွား၏။
ထို့နောက် သူ့လက်ကို မြှောက်ကာ နွေဦးလေပြည်ကုသခြင်းနည်းစနစ်ကို ထုတ်လွတ်ပြီး မင်းသမီးလင်းလုံ၏ ဒဏ်ရာများကို လျင်မြန်စွာ ကုသပေးလေသည်။
ထိုအချိန်တွင်၊ ချူခွမ်းရန်၏ ရောက်ရှိလာမှုကို မြင်ရာ ရှန်ဟန်၏ မျက်ဝန်းများ လင်းလက်သွားသည်။ သူက ကြောက်ရွံ့မှု မရှိပေ။
“ ချူခွမ်းရန်၊ မင်းအချိန်မှန် ရောက်လာတာပဲ။ ဒီနေ့...”
သူ့စကားကို ဆုံးအောင်မပြောရသေးမီတွင်၊ အနှိုင်းမဲ့ ပြင်းထန်းတဲ့တာအို စည်းချက်တစ်ခု ပေါက်ကွဲထွက်လာပြီး နတ်ဘုရားတောင် ဖြစ်ပေါ်လာကာ ရှန်ဟန်ကိုယ်ပေါ်သို့ ကျဆင်းလာ၏။
ထိုကြောက်မက်ဖွယ် စွမ်းအင်ပမာဏသည် ရှန်ဟန်ကို ပေရာချီသို့ ချက်ချင်းလွင့်စင်စေပြီး နန်းတော်တံတိုင်းကို ဘုန်းကနဲ အသံကျယ်တစ်ခု ဖြင့်‌ဆောင့်လေသည်။
“ မင်းလို အမှိုက်တစ်စက တော်တော်မျှော်လင့်နေတာပဲ”
ချူခွမ်းရန်က အေးစက်စွာ ပြောလိုက်သည်။

ထို့နောက်၊ ရှန်ဟန်သည် အပျက်အစီးများကြားမှ ရုန်းထွက်လာ၏။ ထိုအချိန်တွင်၊ သူ့ဆံပင်က ရှုပ်ပွနေပြီး သူ့ကိုယ်က ဖုံမှုန့်များဖြင့် ဖုံးအုပ်နေကာ သူ့ပါးစပ်ထောင့်တွင် သွေးစများ ရှိနေပေသည်။ သူ့ကို ကြည့်ရသည်မှာ အလွန်သနားစရာကောင်းပေသည်။

“ ချူခွမ်းရန်...”
“ ဒီနေ့ ငါမင်းကို အနိုင်ယူပြီးတော့ အတိတ်က အရှက်ကွဲမှုအတွက် ပြန်ပေးဆပ်မယ်”

သူကား လက်ဝါးရိုက်ချက်ကြောင့် လွင့်စင်သွားသော်လည်း စိတ်ဓာတ်ကျခြင်းမရှိချေ။ ဆန့်ကျင်ဘက်ပင်၊ သူသည် တိုက်ခိုက်ရေး စိတ်ဆန္ဒများ တောက်လောင်နေ၏။ ကြောက်မက်ဖွယ်တာအိုစည်းချက်လှိုင်းကြီးသည် သူ့လက်ရှိ ကောင်းကင်စစ်ပုဆိန်နှင့် ပဲ့တင်ထပ်နေပြီး သူ့အရှိန်အဟုန်က အ‌ရူးအမူး တိုးပွားလာသည်။
ပတ်ဝန်းကျင် လေဟာနယ်က တုန်ခါလာ၏။ သူက မြင့်မြတ်သခင်နယ်ပယ်မျှသာ ရှိသေးသော်လည်း သူ့ဆီမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဟုန်သည်ကား ပညာရှင်တစ်ယောက်ထက် အားနည်းခြင်း မရှိပေ။
၎င်းကား အင်ပါယာတစ်ပိုင်းလက်နက်၏ ခွန်အားလည်း ဖြစ်၏။
“ ချူခွမ်းရန်၊ ကောင်းကင်စစ်ပုဆိန်ရဲ့ စွမ်းအားကို မြည်းစမ်းခွင့်ပေးမယ်”
“ ပညာရှင်နည်းစနစ်၊ ကိုးညမုန်တိုင်း”
ရှန်ဟန်သည် ကြွေးကြော်ပြီး ကောင်းကင်စစ်ပုဆိန်ကို ဝှေ့ယမ်းလိုက်သည်။
တာအိုစည်းချက်လှိုင်းများသည် အချင်းချင်းရောယှက်နေကြပြီး ပြင်းထန်သောအနက်ရောင်လေမုန်တိုင်း အသွင်ဖြင့် ချူခွမ်းရန်ဆီ ကျဆင်းလာလေသည်။
အနက်ရောင်မုန်တိုင်းကား သဘာဝကပ်‌ဘေးတစ်ခုနှင့် တူပေသည်။
လေပြင်းစီးကြောင်းတိုင်းက တောင်များကို ဖျက်ဆီးနိုင်သည့် စွမ်းအားရှိလေသည်။
လေပြင်းစီးကြောင်းထောင်ပေါင်းများစွာ ရောယှက်ပြီး ဖြစ်ပေါ်လာသော ပြင်းထန်သောမုန်တိုင်းသည် အလွန်စွမ်းအားကြီးပြီး လေဟာနယ်ကိုပင် ပျက်စီးလုနီးပါး ဖြစ်စေကာ လက်ရှိရှိနေသော လူတိုင်းကို တုန်လှုပ်စေသည်။
“ ဘယ်လိုတောင်ကြောက်ဖို့ကောင်းတဲ့ စွမ်းအားလဲ”
“ အဓိပတိမြင့်မြတ်သခင်တစ်ယောက်တောင် ဒီလိုမျိုး တိုက်ခိုက်မှုကို ရင်ဆိုင်ဖို့ ခက်ခဲမှာလို့ ငါထင်မိတယ်”
“ ဒီတိုက်ခိုက်မှုဟာ ပညာရှင်တစ်ယောက်ရဲ့ အဆင့်မှာ ရှိနေပြီ”
လူအုပ်သည် သူတို့ရှေ့ရှိ မုန်တိုင်းကို မြင်သောအခါ တုန်လှုပ်ကြကုန်၏။
သို့ရာတွင်၊ ချူခွမ်းရန်သည် အနက်ရောက်မုန်တိုင်း၏ ကြမ်းတမ်းပြီး ကြောက်မက်ဖွယ်အကောင်းဆုံးသော ဖိအားကို ရင်ဆိုင်ရသော်လည်း ‌ရွေ့လျားမှု မရှိပေ။
၎င်းတို့အားလုံးကာ သူ့အပေါ် သက်ရောက်မှုမရှိပေ။ ၎င်းကာ နွေဦးရာသီ၏ လေပြည်လေညင်းတစ်ခု သူ့အပေါ် တိုးဝှေ့နေသကဲ့သို့ပင် ဖြစ်လေသည်။
လူတိုင်း၏ အကြည့်အောက်တွင်၊ ချူခွမ်းရန်က ‌လှုပ်ရှားလိုက်၏။
သူလုပ်လိုက်သည်ကား သူ၏ ကျောက်စိမ်းရောက်လက်ဝါးအား မြှောက်လိုက်ရုံမျှသာ ဖြစ်သည်။
သူ့လက်ကို ကြည့်သော် ၎င်း၌ ကောင်းကင်နှင့် မြေကြီးကိုပင် ပျက်စီးသွားနိုင်လောက်အောင် အားကောင်းသည့် စွမ်းအားတစ်ရပ်ပါဝင်ပြီး လာနေသော မုန်တိုင်းထံ ဦးတည်သွားလေသည်။
သူ့လက်ဝါးအား ပေါ့ပါးစွာ တွန်းထုတ်လိုက်ရာ လေဟာနယ်ပင် မခံနိုင်တော့သည့် ပြင်းထန်သောခွန်အားတစ်ခု ထွက်လာ၏။ ချက်ချင်းပင်၊ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ကြောက်စရာကောင်းသည့် လေလှိုင်းတစ်ခုက ‌ကျောက်တုံးတစ်တုံး ရေကန်ထဲ ကျသွားသည့်နှယ် ပျံ့နှံ့သွားလေသည်။
“ ကျား...”
သူက တိုးတိုးလေး အော်ဟစ်လိုက်သည်။
ဝိညာဥ်စွမ်အား လှိုင်းတစ်ခုဖြင့် လိုက်ပါလာသော ကြောက်မက်ဖွယ် တာအိုစည်းချက်သည် နတ်ဘုရားတောင်အသွင်ပြောင်းပြီး အနက်ရောက်မုန်တိုင်းကို ဖျက်ဆီးလိုက်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now