အပိုင်း ၃၄၆ မြင့်မြတ်သော အင်ပါရီယန်လျှောက်လှမ်းသူနှစ်ဦးကြား ယှဥ်ပြိုင်ပွဲ

467 51 0
                                    

အပိုင်း ၃၄၆  မြင့်မြတ်သော အင်ပါရီယန်လျှောက်လှမ်းသူနှစ်ဦးကြား ယှဥ်ပြိုင်ပွဲ၊ ကောင်းကင်အင်ပါယာနန်းတော်မှ ကောင်းကင်သက်ဆင်းဓားပေါ်ထွက်လာခြင်း

    ချူခွမ်းရန်က တံခါးပိတ်ကျင့်ကြံနေ‌သော်လည်း အင်ပါရီယန်လျှောက်လှမ်းသူများက သူ့တံခါးကို လာခေါက်ပြီး စိန်ခေါ်နေလေပြီ။ ရှေးဦးစွာ ယဲ့ရှင်း နှင့် ယခု ကော်စန်း ...

  ထိုနှစ်ဦးကို နေရာထိုင်းခင်းပေးပြီးနောက်၊ နောက်ထပ်ရက်အနည်းငယ်အတွင်း နောက်ထပ် အင်ပါရီယန်လျှောက်လှမ်းသူနှစ်ဦး ပေါ်ပေါက်လာရာ အကြီးအကဲရူယန်အား များစွာ ခေါင်းကိုက်စေသည်။

     အိမ်တိုင်ရာ‌ရောက် ချူခွမ်းရန်ကို အဆက်မပြတ် စိန်ခေါ်နေသော အင်ပါရီယန်လျှောက်လှမ်းသူများသတင်းသည် တောမီးပနာ ပျံ့နှံ့သွားပြီး လူတိုင်းသည် နောက်ဆုံး ဖြစ်ပျက်မှုများကို အနီးကပ်စောင့်ကြည့်နေကြသည်။

ကောင်းကင်နက်ဂိုဏ်း။
ယခုအခါ အင်ပါရီယန်လျှောက်လှမ်းသူလေးဦး စုစည်းနေလေပြီ။

“ သူငယ်ချင်းတို့၊ ဒီချူခွမ်းရန်နဲ့ ပတ်သက်ပြီး မင်းတို့ ဘယ်လိုထင်လဲ”

   ခုနှစ်စဉ်ကြယ်နန်းတော်မှ ယဲ့ရှင်းက စကားစမြည် ပြောလိုက်သည်။

    သူ့အပြင်၊ လုံးကြီးပေါက်လှ မိန်းမပျိုက ချိုသာစွာ ပြုံးလေ၏။

“ သူ့အသွင်အပြင်က မြင့်မြတ်လွန်းပြီးတော့ သူရဲ့ လှပတဲ့မျက်နှာက လူများစွာကို စွဲလမ်းစေတယ်လို့ ငါကြားထားတယ်။ သူ ဘယ်လောက်တောင် ချောမောခန့်ညားလဲဆိုတာ ငါကိုယ်တိုင် တွေ့ချင်တယ်”

   “ ဟမ့်၊ ပန်းတစ်ထောင်တောင်ကြားရဲ့ အင်ပါရီယန်လျှောက်လှမ်းသူက ဉာဏ်တိမ်လွန်းတယ်လို့ ဘယ်သူထင်ထားမိမှာလဲ။ စိတ်ပျက်စရာကောင်းလိုက်တာ”

ဆံပင်နက်မှောင်တောက်ပြောင်သော လူက တုန့်ပြန်သည့်အနေဖြင့် လှောင်လိုက်၏။

   ထိုလူကား တိုက်ပွဲတိမ်နယ်မြေမှ အင်ပါရီယန်လျှောက်လှမ်းသူဖြစ်သော ကျန့်လုံပင် ဖြစ်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora