အပိုင်း ၇၈ ကြာဖြူ အလင်း သန့်စင်ခြင်း

635 49 0
                                    

အပိုင်း ၇၈
ကြာဖြူ အလင်း သန့်စင်ခြင်း ၊ ကြာဖြူကျောင်းတော်အား တုန်လှုပ်ခြင်း ဖြစ်စဥ်

ချူခွမ်းရန်သည် ကြာဖြူသားတော်၏ ရည်ရွယ်ချက်ကို ဖောက်ထွန်း မြင်နိုင်သော်လည်း သူသည် ဖိတ်ခေါ်မှုကို မငြင်းခဲ့ပေ။

ပညာရှင်အုပ်စိုးသူ နည်းစနစ် တစ်ခုအပေါ် ထိုးထွင်းသိမြင်မှု၊ ကြာဖြူ အလင်း သန့်စင်ခြင်း သည် ပဟေဠိ ကို ဖြေရှင်းရန် သူ့ကို စောင့်နေသကဲ့သို့ ချူခွမ်းရန်ရှေ့မှာ ရှိနေ၏။ ချူခွမ်းရန်က ဒီ အခွင့်အရေးကို မည်တော့မှ လက်လွှတ်ခံမည် မဟုတ်ပေ။

“ ကြည့်ကျတာပေါ့”
ချူခွမ်းရန်သည် ဖျတ်ခနဲ ပြုံးလိုက်ပြီး တောင်နံရံဆီသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ နံရံပေါ်မှ နံရံဆေးရေး ပန်းချီကို စိုက်ကြည့်ရင်း  သူသည် ပန်းချီ အတွင်း နစ်မြှုပ်နေသော သူ၏ စိတ်ဝိညာဥ် ကို ခံစားမိသည်။

ကြာဖြူသားတော်သည် ချူခွမ်းရန်၏ ကိုယ်ဟန်ကို သတိထားမိပြီး ဝေဖန် သ‌ရော်လိုက်၏။

“ ဘယ်လို ဟာသလဲ။ ကြာဖြူကျောင်းတော်ရဲ့ မျိုးဆက်သစ် ကောင်းကင်သားတော်တစ်ယောက် အနေနဲ့ ငါက နှစ်ပေါင်းများစွာကြာအောင် ကြာဖြူ အလင်း သန့်စင်ခြင်း ပေါ် ထိုးထွင်း သိမြင်မှု မရရှိခဲ့ဘူး။ အပြင်လူ တစ်ယောက်က အောင်မြင်နိုင်မယ်လို့ ထင်နေတာလား?”

ကြာဖြူအလင်း သန့်စင်ခြင်းသည် ကြာဖြူကျောင်းတော်အတွင်းမှ ကျင့်ကြံခြင်း နည်းစနစ် အားလုံး၏ အရင်းအမြစ် ဟု ပြောနိုင်ပေသည်။ ကြာဖြူကျောင်းတော်အတွင်း သင်ကြားခဲ့သော အခြားနည်းစနစ်များသည် မျိုးဆက်သစ် ကောင်းကင် သားတော် တစ်ယောက်ပင် နှစ်ပေါင်းများစွာ သုံးစွဲခဲ့ရင်တောင် နည်းစနစ်၏ သိမြင်မှု အပိုင်းအစ တစ်ခုလောက်သာ ရှာတွေ့နိုင်ပေသည်။

သို့ပေမဲ့၊ ချူခွမ်းရန်သည် ကြာဖြူကျောင်းတော်၏ တပည့်တစ်ယောက် မဟုတ်သည့်အပြင် သူတို့၏ နည်းစနစ်များကို တစ်ခါမှ မလေ့လာခဲ့ဖူးပေ။ ဒါကြောင့်၊ သူ့အတွက် ကြာဖြူအလင်း သန့်စင်ခြင်း ကို သင်ယူဖို့ ဆိုသည်မှာ ဘယ်လိုလုပ်ဖြစ်နိုင်မှာတဲ့လဲ?

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now