151-155

779 59 1
                                    

အပိုင်း ၁၅၁
စိတ်ပိုင်းဆိုင်ရာ လှေကား ပြိုကျခြင်း၊ ပညာရှင်၏ တာအို ပို့ချမှု၊ ငါ့ရဲ့ ပါရမီက အရမ်းကောင်းတယ်

“ ဘယ်လို ...ဘယ်လိုလုပ် သူ ဒီလောက် မြန်မြန်တက်နိုင်ရတာလဲ?”

“ ကြည့်ရတာ စိတ်ပိုင်းဆိုင်ရာ လှေကားက သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိသလိုဘဲ”
“ ဒီမှာ ဘာတွေ ဖြစ်ပျက်နေတာလဲ?”

ပညာရှင် နန်းတော်၏ အဝင်ဝတွင်၊ လူတိုင်းသည် သူတို့ မျက်မြင်တွေ့လိုက်သည့်အရာ အတွက် ထိတ်လန့်သွားကြ၏။
ချူခွမ်းရန် က စိတ်ပိုင်းဆိုင်ရာ လှေကားပေါ်တက်လှမ်းခဲ့သော အရှိန်နှင့် သက်သောင့်သက်သာ ရှိမှုတို့က သူတို့ အားလုံးကို အလွန် တုန်လှုပ်သွားစေသည်။

တစ်ခု သတိပြုရမှာက ဒီလူအုပ်ကြီးတွင်းမှ ကျင့်ကြံသူတွေကြား လှေကား ပေါ်ကို အလျင်မြန်ဆုံးတက်သွားသော မြင့်မြတ်သခင်သည်ပင် တစ်နာရီ အချိန်ယူခဲ့ရသည်။

သို့ပေမဲ့၊ ချူခွမ်းရန်သည် လှေကားထစ်များကို အနားမယူပဲ အဆင့်ဆင့် တက်သွားခဲ့၏။ စိတ်ပိုင်းဆိုင်ရာ လှေကားသည် လုံးဝ ပုံရိပ်ယောင် တွေ မရှိတဲ့ သာမာန် လှေကားကဲ့သို့ သူသည် အသက်ရှုချိန် နှစ်ဆယ် သို့မဟုတ် သုံးဆယ်ခန့်ဖြင့် တက်လှမ်းခဲ့သည်။

ထိုအချိန်တွင်၊ စိတ်ပိုင်းဆိုင်ရာ လှေကားကို တက်ရောက်ခဲ့ပြီးသော ကျင့်ကြံသူများသည် ချူခွမ်းရန်အား ကြောက်လန့်စွာ ကြည့်နေကြ၏။

“ ဒီလို တာအို အူတိုင် နှင့်၊ သူက လူသား တစ်ယောက်လား?”

လူတစ်ယောက်၏ တာအို အူတိုင်သည် ၎င်းတို့၏ အတိတ်မှ အတွေ့အကြုံ၊ ၎င်းတို့၏ စိတ်စွမ်းအင် သန်မာမှု၊ ၎င်းတို့၏ ဆန္ဒများ နှင့် ၎င်းတို့၏ စိတ်ခံစားမှုတွေကို ချိတ်ဆက်ပြီး ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ၎င်းနှင့်အတူ၊ စိတ်ပိုင်းဆိုင်ရာ လှေကားသည် ဖြစ်ရပ်တစ်ခုပေါ်အခြေခံ၍ လူတစ်ယောက်၏ တာအို အူတိုင်ကို စမ်းသပ်ရန် စိတ်ကူယဥ်များကို ပုံဖော်ပေးမည် ဖြစ်သည်။

ဒါကြောင့် ၊ ချူခွမ်းရန်က မရပ်တန့်ဘဲ လမ်းလျှောက်သွားသည်ကို မြင်သောအခါ လူတိုင်းသည် အလွန်အမင်း မသင်္ကာဖြစ်နေကြ၏။
“ ဒီကောင်လေး မှာ ဆန္ဒ နှင့်စိတ်ခံစားချက်တွေ လုံးဝမရှိဘူးလား”

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now