အပိုင်း ၈၅ ငါ့ရဲ့တာအိုနှလုံးသားက ကျောက်ဆောင်လိုမာကြောတယ်၊ လေပြည်လေညင်းတိုက်ခတ်သွားသလိုပဲ
' တိုင်ရှုနန်းတော်သခင်က ချူခွမ်းရန်နဲ့ စိတ်ပိုင်းဆိုင်ရာချင်းယှဥ်ပြိုင်ချင်တယ်တဲ့လား...'
ထိုစကားလုံးများထွက်ပေါ်လာသည်နှင့် မျက်မှောက်တွင်ရှိနေသော လူထုသည် ချက်ချင်းရုတ်ရုတ်သဲသဖြစ်သွား၏။
တိုင်ရှုနန်းတော်သခင်ဆိုတာ ဘယ်သူလဲ...။
ကျင့်ကြံခြင်းနယ်မြေကြီးတစ်ခု၏ခေါင်းဆောင်ဖြစ်သည့်အပြင် အဓိပတိမြင့်မြတ်သခင်တစ်ဦးလည်းဖြစ်သည်။သူ၏နာမည်သည် အဇူရာနဂါးနယ်မြေတစ်ခုလုံးတွင် ကျော်ကြားသည်။သူသွားလေရာနေရာတိုင်းတွင် ရိုသေလေးစားခံရသည်။
' ဒီလို အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်က ဂျူနီယာကျင့်ကြံသူတစ်ယောက်နဲ့ စိတ်ပိုင်းဆိုင်ရာချင်းပြိုင်ဆိုင်ချင်တယ်တဲ့လား...'
' ဒီစကားသာ ပျံ့နှ့ံသွားခဲ့ရင်တော့ လူတွေသေလောက်တဲ့အထိတုန်လှုပ်သွားကြတော့မှာပဲ...'
တိုင်ရှုနန်းတော်သခင်၏စကားများကိုကြားသောအခါ ချူခွမ်းရန်သည်ပင် ခေတ္တအေးခဲသွားခဲ့သည်။သူမည်မျှပင်စဥ်းစားစေကာမူ တိုင်ရှုနန်းတော်သခင်သည် သူ၏ဒေါသများကို သူ့အပေါ်ပုံချချင်ကြောင်းခံစားနေရ၏။
' မဆိုးပါဘူး...သူအားနည်းတဲ့သူတွေကို ဘယ်လိုအနိုင်ကျင့်ရမလဲသိသားပဲ...'
ချူခွမ်းရန်ကပြုံးလိုက်ကာ သူ၏မျက်လုံးများထဲတွင် အလင်းတစ်ချက်ဖြတ်ပြေးသွားသည်။
တိုင်ရှုနန်းတော်သခင်ပြောသည်မှာမမှားပေ...။ချူခွမ်းရန်သည် တာအိုဉာဏ်အလင်းအခြေအနေများကိုမရေမတွက်နိုင်အောင်ဖြတ်ကျော်ခဲ့ဖူးပြီး စိတ်ဝိညာဥ်ကြည်လင်ခြင်းစျာန်ကိုလည်းရရှိခဲ့သောကြောင့် သူ၏မိမိကိုယ်ပိုင်တာအိုအပေါ်တွင် နားလည်သဘောပေါက်ခြင်းသည် အလွန်နက်ရှိုင်းနေခဲ့ပြီဖြစ်သည်။သူနှင့်သက်တူရွယ်တူများကြားနှိုင်းယှဥ်လျှင် ချူခွမ်းသည် သူတို့အားလုံးကိုဖိနှိပ်နိုင်၏။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...