အခန်း ( 4 ) ဝိညာဉ်စုစည်းခြင်း အစီအရင်၊ တောင်ပံစစ်သည်

1.4K 130 2
                                    

မူရင်း စာစဉ်အမည် - ကျုပ်က ပြိုင်ဘက်ကင်း  ( Unparalleled after ten consecutive draws )
မူရင်းစာရေးသူ - Carefree Smile

အခန်း ( 4 ) ဝိညာဉ်စုစည်းခြင်း အစီအရင်၊ တောင်ပံစစ်သည်

ကောင်းကင်မြင့်နန်းတော်..
ချူခွမ်းရန် နေထိုင်သည့် တာအိုနန်းတော်။

နန်းတော်သို့ ပြန်ရောက်သည်နှင့် ချူခွမ်းရန်က သူ့လက်ထဲရှိ ကျောက်စိမ်းစာလိပ်ကို စူးစမ်းကြည့်လိုက်သည်။ ထိုအခါ သူ့စိတ်က အနည်းငယ်တုန်ခါသွားပြီး ကျောက်စိမ်းစာလိပ်အတွင်းမှ အချက်အလက်များဟာ သူ့ဦးနှောက်အတွင်းကို စီးဝင်လာ၏။

ချူခွမ်းရန်လည်း အချက်အလက်များကို စတင် မှတ်သားလိုက်လေသည်။

ခဏကြာသောအခါ သူမျက်လုံးပြန်ဖွင့်လိုက်သည်။

"ကျွတ်.. ပန်းစက္ကူကောင်းကင်ဓားသိုင်း။ မိုးပြာနဂါးဒေသရဲ့ အကောင်းဆုံး ပညာရပ်တွေထဲက တစ်ခုဆိုတဲ့အတိုင်း ငါ့ကို စိတ်မပျက်စေဘူးပဲ"
ထူးကဲသိမ်မွေ့သော ဝင်ပေါက်ကိုးခု ဓားနှလုံးသားပိုင်ရှင် အနေဖြင့် ချူခွမ်းရန်ဟာ တုဖက်ကင်းသော ဓားသမားစွမ်းရည်များ ရှိသည်။ ထို့ကြောင့် ခဏချင်းပင် ဓားသိုင်းတစ်ခုလုံးကို နားလည်လုနီး ဖြစ်သွား၏။

အကယ်၍ သူ့နေရာ၌ အခြားသူဆိုလျှင် ဤဓားသိုင်းအား ရက်ပေါင်း တစ်ရာကိုးဆယ်ကျော် လေ့ကျင့်လျှင်ပင် ဆယ်ပုံတစ်ပုံ၊ သို့တည်းမဟုတ် ဆယ်ပုံတစ်ပုံကို နားလည်နိုင်ရန် မလွယ်ပေ။

ဤကမ္ဘာ၌ ကျင့်ကြံခြင်းနယ်ပယ်များကို - ခန္ဓာကိုယ် သန့်စင်ခြင်း ၊ချီသန့်စင်ခြင်း ၊အခြေခံ တည်ဆောက်ခြင်း ၊ ရွှေအမြူတေ ၊ အခြေတည်စိတ်ဝိညာဥ် ၊နိဗာန ၊စစ်ဧကရာဇ် ၊မြင့်မြတ်သခင် ၊ကောင်းကင်တက်လှမ်းခြင်း ၊သိုင်းအကျော်အမော် ၊အင်ပါယာ ဟူပြီး ခွဲခြားထားသည်။

သူတော်စင်ကျင့်စဉ်များကို သူတော်စင်အဆင့် တန်ခိုးရှင်များသာ ဖန်တီးနိုင်ကြ၏။ သူတော်စင်အဆင့်သို့ မရောက်မချင်း ထိုကျင့်စဉ်များကို လေ့ကျင့်နိုင်ကြသည်။

ကောင်းကင်ကြယ်တစ်ခုလုံးမှာတော့ သူတော်စင်များဟာ အနည်းအကျဉ်းသာ ရှိသေး၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now