အခန်း ( 1 ) အင်မော်တယ်ခန္ဓာကိုယ်၊ ထူးကဲသိမ်မွေ့သော ဝင်ပေါက်ကိုးခု ဓားနှလုံးသား

2.8K 174 3
                                    

ကျုပ်က ပြိုင်ဘက်ကင်း (Unparalleled after ten consecutive draws )
မူရင်းစာရေးသူ - Carefree Smile

အခန်း ( 1 ) အင်မော်တယ်ခန္ဓာကိုယ်၊ ထူးကဲသိမ်မွေ့သော ဝင်ပေါက်ကိုးခု ဓားနှလုံးသား

ကောင်းကင် ကြယ်တာရာ၊ မိုးပြာနဂါး နယ်မြေ၊ ကောင်းကင်နက်ဂိုဏ်း။

ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့်ရှိသော ခပ်ချောချော လူငယ်လေးတစ်ယောက်။ ဆီမီးတစ်တိုင်သာ ထွန်းညှိထားသည့် ခပ်မှိန်မှိန် အလင်းရောင်ရှိသော အခန်းအတွင်းမှ အိပ်ရာအပေါ်တွင် လဲလျောင်းနေသည်။

လူငယ်ကား တုပ်တုပ်မျှပင် မလှုပ်။ သို့သော် အသက်ရှူ၍ ဖောင်းလိုက်၊ ပိန်လိုက်ဖြစ်နေသော သူ့ရင်ဘက်က မသေသေးသေးကြောင်း သက်သေခံနေသည်။

"ငါဘယ်ကို ရောက်နေတာလဲ"
လူငယ်က စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာနှင့် မျက်လုံးကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်၏။

ရုတ်တရက် သူ့မျက်လုံးအကြည့်ထဲတွင် နာကျင်မှုများ ဖြစ်ပေါ်လာသည်။ အကြောင်းမူကား အံ့မခန်းများပြားလှသော အမှတ်တရများဟာ သူ့စိတ်ကို လွှမ်းခြုံသွားခဲ့သောကြောင့်ပင် ဖြစ်၏။

ခဏအကြာတွင် အိပ်ရာပေါ်ရှိလူငယ်ဟာ အသက်ရှူများပင် မြန်လာသည်။ ထို့နောက်မှ မျက်လုံးအကြည့်များက ပြန်လည် ကြည့်လင်လာခဲ့သည်။ သူ့နဖူးမှ ချွေးများစီးကျနေရင်း အံ့အားသင့်မှုများလည်း ဖြစ်ပေါ်လာ၏။

"ဒီလိုကိစ္စမျိုးတွေ ငါ့ဆီမှာ တကယ်ကြီး ဖြစ်လာမယ်လို့ ယောင်လို့တောင် မတွေးခဲ့မိဘူး"
လူငယ်က မတတ်သာဟန်ဖြင့် ရယ်မောလိုက်မိသည်။

ယခုလေးတင် ရရှိလိုက်သောအမှတ်တရများက သူ့ကို အခြေအနေများအား နားလည်လာစေခဲ့သည်။
လူငယ်ဆိုသည်ကား ...ချူခွမ်းရန်။ သူက ကောင်းကင်နက်ဂိုဏ်း၏ အပြင်စည်းတပည့်တစ်ယောက်ဖြစ်ပြီး ရုပ်ရည်ချောမောမှုဖြင့် ကျော်ကြားသည်။

သို့‌သော် ရုပ်ရည်ချောမောခြင်းဟာ ပြဿနာများကိုလည်း သယ်ဆောင်လာတတ်၏။ ယခုလည်း အစစ်အမှန်တပည့် ဂိုဏ်းတူအစ်မကြီးတစ်ယောက်က သူ့ရုပ်ရည်ကိုသဘောကျကာ ၎င်း၏ ကိုယ်ပိုင်အမျိုးသားအဖော်အဖြစ် ခေါ်ဆောင်သွားရန် ကြိုးစားခဲ့ပေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora