121-125

717 53 4
                                    

အပိုင်း ၁၂၁ ကြီးမားစွာဝမ်းနည်းပူဆွေးမှု၊ အဆင့်ကိုးထိပ်တန်းဆေးလုံး

'' ငါတို့ရဲ့စီနီယာအစ်ကိုကြီးက ဆေးဖော်စပ်မလို့ကြားတယ်...''

'' ဘာ...စီနီယာအစ်ကိုကြီးက ဆေးပညာအကြောင်းသိလို့လား...''

'' ရွတ်...ရွတ်...ငါတို့စီနီယာအစ်ကိုကြီးက မဟာမှော်ဆေးပညာရှင်တစ်ယောက်လို့ပြောရင်တောင် ငါယုံမှာပဲ...''

'' မင်းသူ့ကို နေရာတိုင်းမှာတော်တယ်ဆိုပြီး မျက်စိမှိတ်ယုံလို့မရဘူးလေ...၊ သူကစွမ်းရည်ရှိပေမဲ့ ​မှော်ဆေးပညာဆိုတာကလည်း နည်းပညာတစ်မျိုးပဲ၊ အတွေ့အကြုံမရှိပဲ ဘယ်သူမှ ​မှော်ဆေးပညာရှင်ဖြစ်မလာဘူး၊ ဂျီးနီးယပ်တွေ တောင်မှပေါ့...''

'' မင်းမှန်တယ် ငါတို့ရဲ့စီနီယာအစ်ကိုကြီးက တကယ်ပဲစွမ်းရည်ရှိပြီးတော့ ထူးချွန်ပါတယ်၊ ဒါပေမဲ့ သူဒီလောက်စွမ်းအားကြီးတာကို ကြည့်ရင် သူရဲ့ဘဝကိုကျင့်ကြံခြင်းမှာ မြုပ်နှံထား တာသိသာနေတာပဲလေ၊ ဆေးပညာဘက်ကို အချိန်ပေးနိုင်ပါ့မလား၊ သူဒီအတိုင်းစမ်းကြည့်မလို့ ရောက်နေတာ နေမှာပေါ့...''

'' ဟုတ်လောက်တယ်...''

ဆေး ဖော်စပ်ခြင်းအခန်းထဲတွင် ရှိနေသောသူတိုင်းသည် ချူခွမ်းရန်၏ရုတ်တရက် ရောက်ရှိလာမှုအပေါ် သိချင်နေကြသလို ဆေးပညာလေ့လာရန်ရောက်ရှိလာသည် ဆိုသောကြောင့် အံ့ဩနေကြ၏။

ဆေးဖော်စပ်ခြင်းခန်းမ၏တပည့်အများအပြားသည် ချူခွမ်းရန်၏သူ၏မှော်ဆေးပညာရပ်ကို ဆေးဖော်စပ်ရာတွင်မည်သို့အသုံးချမည်ကို သိရှိလိုကြသဖြင့် ဆေးသန့်စင်ခြင်းအခန်းရှေ့တွင် စုရုံးရောက်ရှိနေကြကာ ခေါင်းပြူတစ်ပြူတစ်ဖြင့် တိုးဝှေ့ကြည့်ရှု့နေကြ၏။

ထိုအချိန်တွင် ဆေးဖော်စပ်ခြင်းခန်းမ၏တံခါးမှာပွင့်လာခဲ့ပြီး တာဝန်ရှိအုပ်ချုပ်ရေးမှူးထွက်လာ၏။

'' လူတိုင်းဘာလို့ ဒီနားမှာ စုပြုံနေရတာလဲ၊ အလုပ်မလုပ်ကြဘူးလား၊ သွား  သွား လုပ်စရာရှိတာသွားလုပ်ကြ...''

အုပ်ချုပ်ရေးမှူးက တင်းကျပ်သောလေသံဖြင့်အမိန့်ပေးလိုက်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now