အပိုင်း ၃၇၅ အခြေမဲ့ချောက်နက် ပျက်စီးမှု၊ သိမ်မွေ့ကောင်းကင်ကုန်းမြေသို့

427 45 0
                                    

အပိုင်း ၃၇၅ အခြေမဲ့ချောက်နက် ပျက်စီးမှု၊ သိမ်မွေ့ကောင်းကင်ကုန်းမြေသို့၊ မင်းတို့ လုပ်ရဲလား

“ လခွမ်း... လဗြွတ်ပဲ‌‌ဟေ့”

  “ ချူခွမ်းရန်၊ မင်း ဘယ်လိုလုပ် ငါ့ရဲ့ စိတ်ဝိညာဥ်ကိုယ်ပွားကို သတ်ရဲတာလဲ။ မင်းစောင့်ကြည့်နေလိုက်... ငါ ကောင်းကင်နက်ဂိုဏ်းကို ဖျက်ဆီးမှာ”
မဟာပညာရှင် ကျန်းကွမ်က ကြိမ်းမောင်းလိုက်သည်။

ထိုအချိန်တွင်၊ ခန်းမတစ်ခုလုံးကို အသံတစ်ခု ပဲ့တင်ထပ်လာ၏။

“ အခု စိတ်အေးအေး ထားစမ်းပါ”
အသံက အိုမင်းပြီး နူးညံပုံရ၏။

    အသံကို ကြားသောအခါ၊ မဟာပညာရှင် ကျန်းကွမ်က သူ၏ တည်ငြိမ်မှုကို ပြန်ဆည်လိုက်သည်။

“ ဘိုးဘေး၊ မင်း ဘာလို့ နိုးလာတာလဲ”

   မဟာပညာရှင်ကျန်းကွမ်က စိတ်ရှုပ်သွားသည်။ လျှို့ဝှက်ကုန်းမြေများ၏ ဘိုးဘေးများသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ရှင်သန်ခဲ့ကြပြီး ၎င်းတို့၏ ကောင်းကင်ပျက်စီးခြင်းငါးဆင့်ကို နှေးကွေးစေရန် အမြဲတမ်း နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေသောကြောင့် သူတို့ကို သူတို့ ထုတ်ဖော်ခဲလှသည်။

   သို့တိုင်၊ နန်းတော်၏ ဘိုးဘေးသည် ယခုအခါ သူ့ကို သတိပေးရန် နိုးထလာ၏။

ဘာတွေ ဖြစ်နေတာလဲ...။

    “ လွန်ခဲ့တဲ့ ရက်အနည်းငယ်က၊ အဝေးမှ ကြောက်စရာကောင်းတဲ့ အော်ရာတစ်ခုကြောင့် ငါ နိုးထလာခဲ့တယ်။ ငါတစ်ယောက်တည်းတော့ မဟုတ်ဘူး အခြားလူဟောင်းတွေလည်း ခံစားမိမှာပဲ။ အဲဒီအော်ရာက အရမ်းကို... ကြောက်ဖို့ ကောင်းတယ်”

    ထိုအရာက ပညာရှင်ကျန်းကွမ်ကို စိုးရိမ်သွားစေသည်။ မည်ကဲ့သို့ အခြေအနေကို သူ၏ ဘိုးဘေးကို ဤသို့ ကြောက်ရွံ့သွားစေနိုင်သည်နည်း။

ထို့နောက်၊ သူ မှတ်မိသွားသည်။ 
“ အဲဒါက ‌ခေါင်းမဲ့အမျိုးသမီးပဲ”

“ မှန်တယ်”
အိုမင်းသောအသံက ပြောသည်။

“ ဒါပေမယ့် ကောင်းကင်နက်ဂိုဏ်းကို ငါလက်စားချေမှာနဲ့ ဘာဆိုင်လို့လဲ”
မဟာပညာရှင် ကျန်းကွမ်က အံ့သြစွာပြောသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now