အပိုင်း ၃၃၉ အကြေးခွံမျိုးနွယ်စု၏ ပညာရှင်များရောက်ရှိလာခြင်း

473 46 0
                                    

အပိုင်း ၃၃၉ အကြေးခွံမျိုးနွယ်စု၏ ပညာရှင်များရောက်ရှိလာခြင်း၊ ဆုံးရှုံးခဲ့ရသောအသက်တိုင်းအတွက် လူတစ်သောင်းကိုသတ်ဖြတ်ခြင်း...

'' နင်ကငါ့ရဲ့ရေအကာအကွယ်ကိုချိုးဖျက်ချင်တာလား၊ နင့်မှာဒီလိုလုပ်နိုင်တဲ့စွမ်းရည်မရှိသေးဘူး...''

အကြေးခွံမျိုးနွယ်စု၏ ထိုအမျိုးသမီးကျင့်ကြံသူက မောက်မာသောမျက်နှာထားဖြင့်ပြောလိုက်သည်။သူမသည် ကြီးမြတ်သောပညာရှင်တစ်ဦးဖြစ်သည်။

ထိုအခါ ချူခွမ်းရန်ကရယ်မောလိုက်၏။

'' ဒီရေအကာအကွယ်ကိုချိုးဖျက်ဖို့ ဘယ်လောက်ခက်ခဲမှာလို့လဲ...''

တောက်ပသောကြက်သွေးရောင်မီးတောက်များက သူ၏ခန္ဓာကိုယ်မှပေါက်ကွဲထွက်လာကာ သူ့ခန္ဓာကိုယ်အတွင်းရှိစွမ်းအားများကို ထိမ်းသိန်းထား၏။ဓားတစ်ချက်ထုတ်လွှတ်လိုက်သည်နှင့် ပြိုးပြိုးပြက်ပြက်တောက်ပသော ဓားအလင်းများက အင်ပါယာအော်ရာများဝန်းရံလျက်ထွက်ပေါ်လာသည်။

သူဓားတစ်ချက်ထုတ်လွှတ်လိုက်သည်နှင့် ဓားချီများက ထိုရေအကာအကွယ်ကိုချက်ချင်း ထိုးဖောက်လိုက်၏။အကြေးခွံအမျိုးသမီးကျင့်ကြံသူ၏ မျက်နှာအမူအရာက ပျက်ယွင်းသွားသည်။

'' မဖြစ်နိုင်တာ...''

သူမက အ​ကြေးခွံဘုရင်ကို တင်းတင်းဆုပ်ကိုင်ကာ နောက်သို့လျင်မြန်စွာဆုတ်ခွာလိုက်သည်။

သို့သော် ဓားအလင်းများကသူတို့နောက်သို့ အရိပ်ပမာထပ်ကြပ်မခွာလိုက်လာ၏။

'' ချီးပဲ...ရေပေါက်ကွဲခြင်း...''

အကြေးခွံအမျိုးသမီးပညာရှင်က အော်ဟစ်လိုက်ကာ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။သူမ၏ လက်သီးမှအလင်းရောင်များတောက်ပလာပြီး ဓားအလင်းများဆီသို့အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။

ဘုန်း...။

လက်သီးချီနှင့် ဓားချီများကအချင်းချင်းရောယှက်သွားကြပြီး စွမ်းအင်လှိုင်းများနေရာအနှံ့သို့ဖြာထွက်သွား၏။လူးလွန့်လှုပ်ရှားကာ အကြမ်းပတမ်းစီးဆင်းနေသော ရေစီးကြောင်းတစ်ခုက အကြေးခွံဘုရင်ကို နောက်ဘက်မီတာ သုံးဆယ်အထိတွန်းပို့လိုက်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Tahanan ng mga kuwento. Tumuklas ngayon