အပိုင်း ၂၂ နန်းကုန်းဟောင် ကို သုံးကွက်အတွင်း အနိုင်ယူခြင်း

832 93 0
                                    

အပိုင်း ၂၂ နန်းကုန်းဟောင် ကို သုံးကွက်အတွင်း အနိုင်ယူခြင်း ၊ ကြောက်မက်ဖွယ်ဂူချန်းဂီ

“သူက ရှုံးပွဲ မရှိသေးဘူး.... ဂူချန်းဂီ က ဒီကမ္ဘာ ပေါ်မှာ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာလိမ့်မယ် “

မှန်ပေသည်..... ထိပ်တန်း မဟာ ဂိုဏ်းကြီး ရှစ်ခု မှ တာအို ဆရာသခင် များသည်  လူတစ်‌‌ယောက်တည်းထံတွင် ရှုံးနိမ့်ခဲ့၏။ အခြားစကားလုံးဖြင့် ပြောရရင် ထိုဂိုဏ်းကြီး ရှစ်ခုသည် တော်ဝင် အဇူရာ မင်းဆက်ကို မယှဥ်ပြိုင်နိုင်ဘူး ဟူသော အဓိပ္ပာယ် သက်‌ရောက်ပေသည်။မဟာ ဂိုဏ်းကြီးတွေ ရဲ့ ခေါင်းဆောင်များက ယခုအခါ အရူးတစ်ပိုင်း ဖြစ်နေကြ၏။

'' ဂူချန်းဂီ က အရမ်းသန်မာလွန်းတယ် ''

'' ကျန်တာက ကောင်းကင်နက် ဂိုဏ်းပဲ ''

'' အခြား တာအို ဂိုဏ်းကြီး ၆ ခုလုံး ရှုံးသွားပြီ... ကောင်းကင်နက်ဂိုဏ်းမှာ အခွင့်အလမ်းတစ်ခု ရှိမယ်လို့တော့ မထင်ဘူး''

အဇူရာနဂါးနယ်မြေ တစ်လျှောက်မှ မရေတွက်နိုင်သော ကျင့်ကြံသူများသည် ဂူချန်းဂီ ၏ တိုးတက်လာမှုကြောင့် ထိတ်လန့်​ေနကြ၏။

ဂူချန်းဂီ၏ ရည်မှန်းချက် မအောင်မြင်ဖို့ သူတို့မျှော်လင့်ထားကြသည်။

မဟာ ဂိုဏ်းကြီးများသည် အဇူရာနဂါးနယ်​ြေ တွင်သာ ဩဇာကြီးရုံမက ကောင်းကင်ကြယ်တာရာ တစ်လျှောက်တွင်ပင် ကျင့်ကြံခြင်းအားကောင်းသော နေရာအဖြစ် သတ်မှတ်ခံရသည်။ သဘာဝကျစွာ.... ဒီ မဟာ ဂိုဏ်းကြီးတွေမှ ​ပျိုးထောင်ပေးသော တာအိုဆရာသခင် များကို ကောင်းကင် ကြယ်တာရာ ၏ အကောင်းဆုံး ပါရမီ ရှင်များ သတ်မှတ်ခံရ၏။

ဒါပေါ့.... ထို တာအိုဆရာသခင် အားလုံးက လူတစ်ယောက်တည်းထံတွင် ရှုံးနိမ့်သွားခ​ဲ့သည်။

ဂူချန်းဂီ ရဲ့ မလွှမ်းမိုးနိုင်သော ဟန်ပန်က တစ်ကမ္ဘာလုံးမှ လူတွေကို တုန်လှုပ်စေသည်။

ကောင်းကင်နက်ဂိုဏ်းတွင် နန်ကုန်းဟောင် နှင့် တာအိုဆရာသခင် အနည်းငယ်က စက်ဝိုင်းပုံစံစုရုံးနေကြ၏။

ဂူချန်းဂီ ၏ နောက်ဆုံး လှုပ်ရှားမှုကို ကြားသိရပြီးနောက် သူ၏ တိုးတက်လာခြင်းကြောင့် သူတို့ ထိတ်လန့်တုန်လှုပ်သွားကြ သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now