161-165

660 54 3
                                    

အပိုင်း ၁၆၁ နတ်ဆိုးနှလုံးသားကမရှိတော့ဘူး၊ ထွက်ပြေးလွတ်မြောက်သွားသော သူကိုသတ်ဖြတ်ခြင်း

'' ကောင်းကင်သတ်ဖြတ်ခြင်းဓားနည်းစနစ်...''

ချူခွမ်းရန်၏အသံက ယခုသူထုတ်လွတ်လိုက်သော စွမ်းအားကြီးမားသည့် အင်ပါယာအဆင့်ဓားနည်းစနစ်နှင့် ယှဥ်လျှင်အလွန်ကွာခြားပြီး တည်ငြိမ်နေ၏။၄င်းက အခင်းဖြစ်ပွားရာနေရာရှိလူတိုင်းကိုတုန်လှုပ်စေသည်။

စွမ်းအားကြီးသောအင်ပါယာတစ်ပါး၏အော်ရာများပါဝင်နေသည့် ခရမ်းရောင်ဓားအလင်းက အပြင်ဘက်ကို ထွက်ပေါ်လာ၏။ ထိုဓားအလင်းဖြတ်သွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်သည် ပြင်းပြင်းထန်ထန်တုန်ခါနေပြီး ထိုနေရာတစ်ခုလုံး ပြိုကျသွားလုမတတ်ဖြစ်နေသည်။

ထိုအချိန်တွင် မကြုံစဖူးအလွန်ကြီးမားသောစွမ်းအားပမာဏကြီးကို ရင်ဆိုင်နေရသဖြင့် အသူရာဂိုဏ်းခေါင်းဆောင်အကြီးအကဲ၏ စိုးရိမ်စိတ်ကအလွန်ပြင်းထန်လာလေသည်။

'' မဟာအသူရာကိုယ်ပွား...''

သူက ဟိန်းဟောက်လိုက်၏။ ထို့နောက် သူ၏တကိုယ်လုံးရှိ ဝိညာဥ်စွမ်းအားများကို အသူရာကိုယ်ပွား၏ ဆေဘာဓားအတွင်းသို့ပေါင်းစည်းတိုက်ခိုက်လိုက်လေတော့သည်။

ခရမ်းရောင်ဓားအလင်းက ဆေဘာဓားအလင်းနှင့်တွေ့ဆုံမိသည်နှင့် ပထမဓားအလင်းက ဖျက်စီးခြင်း တိုက်ပွဲဝင်ပုံစံကို အသုံးပြုလိုက်ဟန်ဖြင့် နောက်ဆေဘာအလင်းတန်းကို ဖျက်စီးပစ်လိုက်လေသည်။

မဟာအသူရာကိုယ်ပွားထဲတွင် ပါဝင်နေသောဝိညာဥ်စွမ်းအားများနှင့် တာအိုစည်းချက်များသည် ခရမ်းရောင်ဓားအလင်းကို တွေ့ဆုံမိသည်နှင့် တပြိုင်နက် ထိုတိုက်ခိုက်မှုကိုမခံနိုင်ပဲ ပထမနေရာမှာပင် ချက်ချင်းပျက်စီး ပျောက်ကွယ်သွားလေသည်။

မပြိုလဲနိုင်သောဓားအလင်းက အသူရာဂိုဏ်းခေါင်းဆောင်အကြီးအကဲကို ညာတာမှုမရှိပဲဝါးမျိုလာ၏။ ၄င်းကသူဝတ်ဆင်ထားသော ချပ်ဝတ်ကိုတဖြည်းဖြည်းနှင့် အက်ကွဲသွားစေလေသည်။

'' မဟုတ်ဘူး...''

နောက်ဆက်တွဲထွက်ပေါ်လာသည်မှာ အသူရာဂိုဏ်းခေါင်းဆောင်အကြီးအကဲ ၏သနားစဖွယ် အော်ဟစ်သံဖြစ်ပြီး ဓားချီသည်နေရာတိုင်းမှ သူ၏ခန္ဓာကိုယ်ကိုအစိတ်စိတ်အမြွာမြွာခွဲနေကာ သွေးမြူများကနေရာအနှံ့ကို ပန်းထွက်နေလေသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now