196-200

758 51 5
                                    

အပိုင်း ၁၉၆
နတ်သားရဲကို အမည်ပေးခြင်း၊ ကိုယ်ပိုင်ပညာရှင်နည်းစနစ်များကို ဆက်လက်တီထွင်ခြင်း

“ ရပါပြီ ၊ အစ်ကိုကြီး”
နတ်ဘုရားဖီးနစ်သည် ချူခွမ်းရန်၏ ခန္ဓာကိုယ်ကို ပွတ်သိပ်ပြီး ပြောလိုက်သည်။

‌” ကောင်းပြီ၊ ရပ်လိုက်ပါ၊ လူတွေအများကြီးကြည့်နေတာက တော်တော်အဆင်မပြေဘူး”
ချူခွမ်းရန်သည် သူ့နောက်ဆုံးစကားကို ညင်သာစွာပြောပြီး တီးတိုးရေရွက်လိုက်လေသည်။

ဒီနတ်ဘုရားဖီးနစ်တွင် နွေးထွေးမှုတစ်မျိုးပါသော နူးညံ့သောအတောင်မွှေးများရှိ၏။ ၎င်းက သူ့ကို ပွတ်တိုက်သောအခါ နွေးထွေးပြီး အတော်လေးပူနွေးလာသလို ခံစားရသည်။

ကြီးကျယ်သော နတ်သားရဲတစ်ကောင်က ချူခွမ်းရန်ရှေ့တွင် အိမ်မွေးတိရစ္ဆာန်တစ်ကောင်လို လုပ်နေတာမြင်တော့ အကြီးအကဲအနည်းငယ်သည် မျက်လုံးများပေါက်ထွက်လုမတတ် အံ့အားသင့်သွားကြလေသည်။

“ တပည့်ခေါင်းဆောင်က ငါတို့လွယ်လွယ်နှင့်မရနိုင်တဲ့ အရာတွေကို အမှန်တကယ် အောင်မြင်နိုင်တဲ့ တစ်ယောက်သောသူပဲ။ ငါ သ‌ဘောကျတယ်၊ တကယ်ကို သဘောကျတယ်”
အကြီးအကဲတွေထဲမှ တစ်ယောက်က ပြောလိုက်သည်။

“ သူ့ကို တပည့်ခေါင်းဆောင်လို့ခေါ်နေတုန်းလား?”
“ အဟမ်း၊ ဂိုဏ်းခေါင်းဆောင်၊ ငါပြောတာက ဂိုဏ်းခေါင်းဆောင်လို့။ အကျင့်ပါသွားလို့ပါ “
“ ဒါပေါ့၊ ခွမ်းရန်၊ ဒီနတ်သားရဲမှာ နာမည်တစ်ခု ရှိပြီလား?”

ထို့နောက်၊ အကြီးအကဲရူဟန်က စိတ်ဝင်တစားမေးလိုက်သည်။
ချူခွမ်းရန်က သူ့ခေါင်းကို ခါလိုက်၏။
“ သူမကို အခုထိ နာမည်တစ်ခု မပေးရသေးဘူး”
“ မင်းမှာ နာမည်တစ်ခုစဥ်းစားပြီးပြီလား?”
“ အင်း”
ချူခွမ်းရန်သည် နတ်ဘုရားဖီးနစ်၏ လည်ပင်းကို ပွတ်သိပ်ကာ ပြောလိုက်သည်။
“ သူမ တစ်ကိုယ်လုံးနီရဲနေတာကြောင့်၊ သူမကို အနီ‌ရောင်လီ လို့ခေါ်မယ်”
“ မဖြစ်နိုင်ဘူး”
“ ဒီကိစ္စနှင့်ပတ်သက်ပြီး ဘာလို့ပေါ့ပျက်ပျက်နိုင်ရတာလဲ?”
အကြီးအကဲရူဟန်၊ မြင့်မြတ်သခင်ရွှမ်ချီနှင့် ကျန်သူများက ပြောစရာစကားမရှိအောင် ဆွံ့အသွားကြသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now