အပိုင်း ၆၅ ဘယ်သူကသဘောတူပြီး ဘယ်သူကကန့်ကွက်မလဲ

682 59 2
                                    

အပိုင်း ၆၅ ဘယ်သူကသဘောတူပြီး ဘယ်သူကကန့်ကွက်မလဲ၊ လျှို့ဝှက်နယ်မြေကိုအရူးတစ်ယောက်လို လုယက်ခြင်း

လူတစ်စုသည်ကျယ်လောင်စွာရယ်မောနေကြသည်။

ချူခွမ်းရန်ကစိတ်ပျက်စွာခေါင်းယမ်းလိုက်ကာ ပြန်ထိုင်ချလိုက်၏။အသစ်စက်စက်ရရှိထားသော ဒဏ္ဍာရီလာ ရတနာအမဲလိုက်ခြင်းစွမ်းရည်၏ပုံရိပ်များသည် အချက်အလက်များပမာ သူ၏စိတ်ထဲတွင်ပေါ်ထွက်လာလေသည်။

ရတနာရှာဖွေခြင်းစွမ်းရည်။...နာမည်အတိုင်းပင်၄င်းသည် ရတနာရှာဖွေရန်အလွန်အသုံးဝင်သောစွမ်းရည်တစ်မျိုးဖြစ်၏။သို့ရာတွင် အသုံးပြုသူ၏ကျင့်ကြံခြင်းနယ်ပယ်အပေါ်မူတည်၍ ရှာဖွေနိုင်သော အကွာအဝေးသည်မတူညီကြပေ။

'' ဒီစွမ်းရည်ကအချိန်ကိုက်ရောက်လာတာပဲ...''

ချုခွမ်းရန်ပြုံးဖြဖြဲဖြင့် တွေးလိုက်သည်။

သူကထိုသို့တွေးလိုက်ပြီး ရတနာရှာဖွေခြင်းစွမ်းရည်ကိုအသုံးပြုလိုက်သည်နှင့် မတူညီသောအရပ်မျက်နှာပေါင်းစုံမှ အချက်အလက်များသည် သူ၏ခေါင်းထဲကိုရောက်ရှိလာသည်။

'' အရှေ့ဘက် မီတာငါးရာအကွာက တောင်ခါးပန်တစ်ခုမှာ သက်စောင့်ဆေးတစ်ခုရှိပါတယ်...''

'' အနောက်မြောက်ဘက် မီတာလေးရာအကွားမှာ ဝိညာဥ်မိုင်းတွင်းတစ်ခုရှိပါတယ်...''

'' တောင်ဘက် မီတာခြောက်ရာအကွာက ဂူတစ်လုံးမှာ ထိပ်တန်းလက်နက်အချို့မြုပ်နံထားတယ်...''

'' တောင်ဘက် မီတာထောင့်သုံးရာအကွာမှာ ေအးခဲနေတဲ့ မြေကမ္ဘာစိတ်ဝိညာဥ်အဆီအနှစ်အချို့ရှိတယ်...''

အမျိုးမျိုးသောရတနာများပါဝင်သော အချက်အလက်များသည် ချူခွမ်းရန်၏စိတ်ထဲကိုစီးဝင်လာခဲ့သည်။ထိုနေရာများကိုသွားရန် ပုံများပင်ပါဝင်နေသေးသည်။

ဒဏ္ဍာရီလာ စွမ်းရည်ဆိုသည့်အတိုင်းပင် ၄င်း၏စွမ်းဆောင်ရည်မှာကြောက်စရာကောင်း၏။

ချူခွမ်းရန်ကရတနာတိုင်း၏တည်နေရာကိုသိရှိနေသောကြောင့် သူ့ကိုယ်သူလမ်းလျှောက်နေသော ရတနာရှာဖွေစက်တစ်ခုလိုခံစားလိုက်ရသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now