အပိုင်း ၁၀ မုရုံချန် လက်အောက်ခံခြင်း

1.2K 110 0
                                    

အပိုင်း ၁၀ မုရုံချန် လက်အောက်ခံခြင်းး၊ ကောင်းတယ်... ငါ့ကို စီနီယာ အကိုကြီး လို့ ခေါ်

'' ဒန်းးးးး'

လူသားတောင်တန်း တံဆိပ်တော် ကြောင့် လွှင့်စင် သွားသော မုရုံချန် က ဖြေးညင်းစွာ ပြန်ထလာခဲ့သည်။

မုရုံချန် ရဲ့မျက်နှာ ဖြူရော်နေ၏။ သူက ချူခွမ်းရန် အနီးအနားဝင်ကျင်ကို စိုက်ကြည့်နေပြီး သူ့ရဲ့ ပုခုံးပေါ်က ဆံပင်များ ရှုပ်ပွ ပေရယ်နေကာ ထုနှိပ်ခံထားရပြီး အတွင်းကြေတဲ့ ပုံ ပေါက်နေသည်။ သူ့ရဲ့ လိမ့်တက်လာသော ဒေါသများကို မျက်စိ ပေါ်မှာ ထင်ထင်ရှားရှားမြင်နေရပြီး  သူ့မျက်နှာ က ဒေါသတကြီး ရှုံ့တွ နေခဲ့သည်။

ရွှေအမြူတေ အဆင့် ကျင့်ကြံသူ တစ်ယောက်က ကြီးမြတ်သော  စဦးစိတ်ဝိညာဏ် တာအိုဆရာသခင် တစ်​ယောက်ဖြစ်တဲ့ သူ့ကို မြေကြီးပေါ် သို့ တိုက်ခိုက်နိုင်ခဲ့တယ်။
သူက ကောင်းကင်ပေါ်က အခြား တာအိုဆရာသခင်တွေကို မျက်နှာမပြဝံ့တော့ပေ။

'' ချူခွမ်းရန်... ငါ မင်းကို လျော့တွက်မိသွားတယ်..''

'' မင်း ငါ့ကို ထွက်သွားစေချင်တာလားးး....ဟမ့်? ရွှေအမြူတေ အဆင့် နှင့် စဦး စိတ်ဝိညာဏ် အဆင့်ကြား ဘယ်လောက်ကွာလဲ ဆိုတာ ငါ...မင်းကို ပြပေးမရ်...''

မုရုံချန် က သူ့ရဲ့ အဆင့် ဖိနှိပ်မှုကို ရပ်တန့်ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ် စွမ်းအင်အရင်းအမြစ် ဆီမှ ဝိညာဏ် စွမ်းအား အကုန်လုံးကို ဆင့်ခေါ်လိုက်သည်။သူ့ရဲ့ ဝိညာဏ်စွမ်းအားတွေက ပြင်းထန်စွာ ပေါက်ကွဲထွက်လာပြီး ရေစီးကြောင်းသဖွယ် သွန်ကျကာ မီးတောက်တွေက လေထဲသို့ နှင်းဆီ သဏ္ဍန် မြင့်တက်လာခဲ့သည်။

သူသည် နောက်တစ်ကြိမ်အသွင်ပြောင်းလဲခြင်း ပြုလုပ်ပြီးနောက်  ရဲရဲတောက် ကြက်သွေးရောင် နေမင်းက နှင်းဆီသဏ္ဍန်  ကောင်းကင်ထက်တွင် ပေါ်ပေါက်လာခဲ့သည်။
ထိုမျှသာမက. မီးတောက် ဝိညာဏ်စွမ်းအင် တွေက ရဲရဲတောက် ရွှေရောင် နေမင်းလေးစင်း  အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုဟာက ကောင်းကင်တစ်ခုတည်းပေါ်မှာ နေ ငါးစင်း ထွက်နေသလို ထင်ရ၏။ကောင်းကင်နှင့် ​မြေကြီး တစ်ဝိုက်မှာ ပြိုက်ဘက်ကင်း ဖိအားတွေက လွှမ်းခြုံလာသည်။ ကမ္ဘာ့ မျက်နှာပြင်က ခြစ်ခြစ်တောက်အပူရှိန်အောက်မှာ  အက်ကွဲလာပြီး  စိုပြေသောလေထု ကို အလျင်အမြန် တိုက်စားသွားသည်။ အချင်းဝက် တစ်သောင်း ပေလောက်ရှိသော ကုန်းမြေက ကမ္ဘာပေါ်မှ အပူငရဲ ကဲ့သို့ ပြောင်းသွား၏။
တစ်ခုက သူ့ရဲ့ တာအိုခန္ဓာကိုယ် ကို နားလည်မှုနှင့် သူလေ့ကျင့်ထားသော နေကိုးလုံး နတ်ဘုရား သိုင်းပညာ ကြောင့် ဖြစ်ပေသည်။ ထို ကြီးကျယ်သော ပညာရပ်နှစ်ခုက တစ်ခုနှင့် တစ်ခု ထောက်ပံ့နေပြီး မုရုံချန် ရဲ့ ပြီးပြည့်စုံသော စဦးစိတ်ဝိညာဏ်အဆင့် ကျင့်ကြံခြင်း ကို ထိပ်ဆုံးကို ရောက်စေသည်။ ထိုဟာက သူ့ရဲ့ တိုက်ခိုက်ရေး အော်ရာ ကို နှိုင်းယှဥ် မရဖြစ်စေ၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now