အပိုင်း ၃၆၇ စီးပွားရေးစကား၊ ကံဟောကြားသူကို တစ်ဖန်တွေ့ဆုံခြင်း

441 50 1
                                    

အပိုင်း ၃၆၇  စီးပွားရေးစကား၊ ကံဟောကြားသူကို တစ်ဖန်တွေ့ဆုံခြင်း၊ စာအုပ်များကို မီးရှို့ပြီး အင်ပါယာများကို ဖုံးကွယ်ထားခြင်း

    ဧရာမခံတပ်တစ်ခုတွင် အကြီးဆုံးစီးပွားရေး လုပ်ငန်းကြီးတစ်ခု ရှိ၏။

  "ပင်လယ်လေးစင်းကုန်သည်အစည်းရုံး"

   ၎င်းကား ကောင်းကင်ကြယ်တာရာတစ်ဝှမ်းရှိ အကြီးဆုံးစီပွား‌ရေး လုပ်ငန်း ဖြစ်သည်။ ၎င်း၏ စီးပွားရေးသည် ကုန်းမြေကြီးလေးခု၌သာ ကျယ်ပြန့်ရုံမက ပြင်ပပင်လယ်ထိတောင် ရောက်ရှိ၏။

   ပင်လယ်လေးစင်းကုန်သည်အစည်းအရုံးသည် ဤတစ်ကြိမ် ချူခွမ်းရန်၏ ပစ်မှတ်ဖြစ်သည်။
ချူခွမ်းရန်သည် ပင်လယ်လေးစင်းကုန်သည်အစည်းရုံးသို့ ‌ရောက်ရှိလာပြီး သူ ဝင်ရောက်လာသောအခါ ကြီးကျယ်ခမ်းနားသော ခံစားချက်က သူ့ဆီသို့ ချက်ချင်း ရောက်ရှိလာသည်။ ထိုနေရာကို ခမ်းနားစွာ အလှဆင်ထားပြီး နံရံပေါ်ရှိ ပန်းပုများနှင့် အနုပညာလက်ရာများသည် တော်ဝင်နန်းတော်အများစုထက်ပင် ပို၍ ခမ်းနားလှသည်။

“ ချစ်လှစွာသော ဧည့်သည်တော်၊ တစ်ခုခု ကူညီပေးရမလား ခင်ဗျာ”
ဧည့်ကြိုတစ်ဦးက သူ့ဆီ လျှောက်လာခဲ့သည်။

“ မင်းတို့အဖွဲ့ရဲ့တာဝန်ခံ​အကြီးကဲအတွက် လာခဲ့တာ”

   ချူခွမ်းရန်က တည်ငြိမ်စွာ ပြောသည်။
သူ့စကားများကြောင့် ဧည့်ကြိုက ချူခွမ်းရန်ကို အံ့သြတကြီး ကြည့်လိုက်သည်။ မျက်နှာကို ဝိညာဥ်စွမ်းအင်အလွှာပါးလေး ဖုံးအုပ်ထားသော်လည်း သူ့ကို ထူးထူးခြားခြား အော်ရာများဖုံးလွှမ်း နေသောကြောင့် သူက အလွန်အရေးကြီးသော ဧည့်သည်တစ်ယောက် ဖြစ်ပေမည်။
ထိုအတွေးကြောင့်၊ ဧည့်ကြိုက ပြောလိုက်သည်။

    “ ကျုပ်ကို ခဏလောက် စောင့်ပေးပါ၊ သခင်။ ကျုပ် ခေါင်းဆောင်ကို အကြောင်းကြားပေးပါမယ်”

သိပ်မကြာခင်မှာပဲ၊ ပိုးထည်ဝတ်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး လမ်းလျှောက်ထွက်လာသည်။

    “ တာအိုရောင်ရင်း၊ ဘယ်လိုစီးပွားရေးလုပ်ငန်းမျိုးနဲ့ ကူညီပေးနိုင်မလဲ”

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now