အပိုင်း ၃၂၉ ပညာရှင်အမူးသမားနှင့် တိုက်ခိုက်ခြင်း၊ ပုံသဏ္ဍာန်မဲ့ တာအို...

504 51 1
                                    

အပိုင်း ၃၂၉  ပညာရှင်အမူးသမားနှင့် တိုက်ခိုက်ခြင်း၊ ပုံသဏ္ဍာန်မဲ့ တာအို၊ မဟာဟင်းလင်းပြင်တေးသွား

  လက်ဝါးရိုက်ချက်နှစ်ခုက ထိပ်တိုက်တွေ့ရာ ပြင်းထန်သော သက်ရောက်မှု လွင့်ထွက်လာကြသည်။

   ချူခွမ်းရန်နှင့် ပညာရှင်အမူးသမားတို့နှစ်ဦးလုံးသည် သက်ရောက်မှုကြောင့် နောက်ပြန်ဆုတ်သွားကြ၏။ ထိုအချိန်တွင်၊ ပင်လယ်ပြင်ပညာရှင်များအားလုံးသည် ချူခွမ်းရန်ပတ်လည်မှ ဝန်းရံလာကြသည်။

    “ မင်းရထားတဲ့ ရတနာတွေအကုန်လုံးကို လက်လွှတ်ပေးပါ၊ ဒါဆို မင်းကို အသက်ရှင်ခွင့်ပေးမယ်”

   “ မှန်ပါ့၊ မဟုတ်ရင် ဒီကျွန်းကနေ မင်းထွက်သွားနိုင်မှာမဟုတ်ဘူး”

    ပင်လယ်ပြင်ပညာရှင်များက ချူခွမ်းရန် စိုက်ကြည့်ကြသည်။

    ၎င်းကို မြင်သည်နှင့်၊ ချူခွမ်းရန်က ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။

“ အို့၊ အဲ့လိုလား။ စမ်းကြည့်တာပေါ့”

   သူစကားပြောပြီးသည်နှင့်၊ သူ၏ ကုချင်းဖြစ်သော လွင့်မျောတေးသွားက သူ့ရှေ့တွင် ပေါ်ထွက်လာ၏။

   သူ့လက်ချောင်းများက ကုချင်းကြိုးများပေါ် တင်ထားပြီး တီးခတ်ရန် အသင့်ဖြစ်နေလေပြီ။

    ချူခွမ်းရန်က ထိုကုချင်းအား ထုတ်ယူလိုက်သောအခါ ကုန်းမြေလေးခုမှ ပညာရှင်များက နက်မှောင်သွားပြီး မည်သို့ဖြစ်ပျက်လာမည်ကို သူတို့သိသကဲ့သို့ လျင်မြန်စွာ နောက်ဆုတ်သွားကြသည်။
ထိုကောင်တွေက မည်ကဲ့သို့ အရူး‌ကောင်နှင့် ရှုပ်နေသနည်းဆိုသည်ကို မသိသဖြင့် ပင်လယ်ပြင်ပညာရှင်များအား သနားညှာတာစွာ ကြည့်လိုက်ကြသည်။

“ ဟမ့်၊ ကုချင်းတာအိုလား။ မင်းရဲ့ ကုချင်းသံစဥ်က ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ ဒီမှာရှိတဲ့ ပညာရှင်သုံးဆယ်ကို မင်း ဆန့်ကျင်နိုင်မှာတဲ့လား”

    ပညာရှင်တစ်ဦးက လှောင်ပြောင်လိုက်သည်။ ထို့နောက် ကြောက်မက်ဖွယ်တာအိုစည်းချက် ထွက်ပေါ်လာပြီး သူ့ပုံရိပ်က ချူခွမ်းရန်ဆီ ပြေးဝင်သွားသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Donde viven las historias. Descúbrelo ahora