176-180

751 51 6
                                    

အပိုင်း ၁၇၆
လုရန်ကို ပါးရိုက်ခြင်း၊ ကောင်းကင်နက်ဂိုဏ်းသို့ အပြန်၊
မင်းအားလုံးကို ပြောပြစမ်း

လုရန်က အံ့သားသင့်သွားပြီး မေးလိုက်သည်။
“ မိန်းမပျို လန်ယု၊ မင်း ဘာကို ဆိုလိုတာလဲ?”

“ မင်းကြံစည်နေတဲ့ အစီအစဥ် သေးသေးလေးကို ငါမရိပ်မိဘူးလို့ မထင်နဲ့။ ငါ့သခင်က နင့်လို ကောင်မတွေ အလွယ်တကူ ပေါင်းသင်းနိုင်တဲ့ သူမဟုတ်ဘူး။ အဆင့်အတန်း သို့မဟုတ် ရုပ်ရည်သွင်ပြင် ဖြစ်ဖြစ်၊ မင်းက ငါ့သခင်ရဲ့ အာရုံစိုက်မှုနှင့်တောင် မထိုက်တန်ဘူး၊ ဒါကြောင့် မင်းရဲ့ အပြုအမူတွေကို ပိုသတိထားပါ”
လန်ယုက အေးစက်စွာ ပြောလိုက်သည်။

ဒါကိုကြားသည်နှင့်, လုယန်ရဲ့  အမူအရာက မဲမှောင်သွားပြီး ပြောလိုက်၏။
“ ငါက မာစတာ ချူရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းကို ကောင်းကောင်းသိတယ်။ ဒါပေမဲ့၊  တစ်စုံတစ်ယောက်ကို သဘောကျတာက အမှားတစ်ခုလား? ငါက သူ့ကိုပဲ ကောင်းကောင်းဆက်ဆံနေတယ်ဆိုတာက သူ့ကို သဘောကျလို့ပဲ”

“ ငါ နားမလည်ဘူး၊ မိန်းကလေး လန်ယု။ မင်း ငါ့ကို လျှို့ဝှက်လှုပ်ရှားမှုတစ်ခုနှင့် ဆက်ဆံနေတာလဲ? မင်း က သခင်လေး ချူကို ကြိုက်တာ ငါသိတယ်၊ ဒါပေမဲ့ မင်း ကြိုက်ရုံနှင့် အခြားသူကို ဒီလို လုပ်ခွင့်မပြုနိုင်တော့ဘူးလား?”

လုရန် အသံမှာ အချစ်တိုက်ပွဲမှာ ပြိုင်နေသလိုမျိုး ခိုင်မာနေလေသည်။

သို့ပေမဲ့၊ လုရန်၏ ပြန်ပြောတာကို ကြားသောအခါ လန်ယု၏ အကြည့်က ပိုမို အေးစက်သွားသည်။ သူ့မျက်နှာ တစ်ပြင်လုံးကို အေးစိမ့်သော နှင်းလွှာတစ်ခုက ဖုံးလွှမ်းထားသလို ဖြစ်နေ၏။
“ ပိတ်ထားစမ်း၊ မင်းစကားလုံးတွေက ငါ့ကို စိတ်ပျက်စေတယ်”

“ ပထမဦးစွာ၊ ငါ့သခင်က အဇူရာတော်ဝင်ပြည်ထောင်ဘုရင်ရဲ့ သားမက်တော် ဆိုတာကို ဒီနေရာက လူတိုင်းသိတဲ့ အချက်ပဲ။ ဒါကို မင်းဘာပဲ လုပ်လုပ် သူ့ကို ကောင်းကောင်းဆက်ဆံဖို့ပဲ လို့ ပြောနေတာလား? မကြာမီ လက်ထပ်တော့မဲ့ အမျိုးသားတစ်ယောက်ကို ဆွဲဆောင်တာက ရှက်စရာကောင်းမှန်း မင်း မသိတာလား? ဒါ့အပြင်၊ အဲ့ဒီဟာအပေါ်မှာ ‌ဒေါသတကြီး ရှုံ့ချနေသေးတယ် “

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now