အပိုင်း ၃၅၆ သူ့ကိုဖျက်ဆီးစမ်းဓားချီကိုယ်ပွားတစ်ထောင်နှင့်ခေါင်းကိုးလုံးမြွေနဂါး

451 45 0
                                    

အပိုင်း ၃၅၆ သူ့ကိုဖျက်ဆီးစမ်း၊ ဓားချီကိုယ်ပွားတစ်ထောင်နှင့် ခေါင်းကိုးလုံးမြွေနဂါး

'' ငါမင်းတို့နှစ်ယောက်လုံးရဲ့အသက်ကိုယူမယ်...''

    ချူခွမ်းရန်က ခံစားချက်ကင်းမဲ့စွာပြောလိုက်သည်။

    သူ့စကားဆုံးသည်နှင့် လေထုသည်ချက်ချင်းအေးစက်စက်နိုင်လာကာ ကျဆင်းနေသော မိုးရေစက်များသည်ပင် ကောင်းကင်တစ်ခွင်လုံးပြည့်နှက်နေသော ဓားသွားများအသွင် ပြောင်းသွားသလို ထင်မှတ်ရ၏။

    ထိုအချိန် လီဇီ၏မျက်လုံးများထဲတွင် အေးစက်စက်အလင်းရောင်များဖြတ်ပြေးသွားသည်။

    '' မင်းက ငါ့ကိုသတ်ချင်တာလား၊ ငါ့နောက်ကွယ်မှာ လျှို့ဝှက်ကုန်းမြေတွေရှိတာ မသိဘူးလား...''

'' အဲ့တော့ဘာဖြစ်လဲ၊ ငါတစ်ယောက်သတ်ဖူးတာပေါ့...''

'' မင်းစမ်းကြည့်လို့ရတယ်...''

လီဇီက အထင်သေးသလိုပြောသည်။

     သူ၏လက်ကိုမြှောက် လိုက်သည်နှင့် အလွန်သိပ်သည်းသော ဝိညာဥ်စွမ်းအင်များက သူ၏လက်ဝါးဗဟိုတည့်တည့်တွင်စုဝေးလာပြီး ဧရာမဝိညာဥ်ချီငှက်ကြီးတစ်ကောင်အသွင်ပြောင်းသွား၏။၄င်းက အလွန်မြန်ဆန်သော အရှိန်ဖြင့် ပျံသန်းသွားလေသည်။

   ထိုငှက်၏အနီးတဝိုက်တွင်လည်း အထင်ကြီးစရာကောင်းသော လျှပ်စီးစွမ်းအင်များက လှည့်ပတ်နေသေး၏။

'' သားရဲတစ်ထောင် ပညာရပ် မိုးကြိုးငှက်...''

  ထိုငှက်ကိုမြင်သောအခါ ချုခွမ်းရန်က သူ့လက်ကိုမြှောက်ရုံသာ‌မြှောက်လိုက်၏။​မြှောက်လိုက်သည်နှင့် ဓားသွားအသွင်ပြောင်းသွားသော မိုးရေစက်များက ချက်ချင်းစုပြုံကျဆင်းလာရာ ထိုငှက်ကိုဧရာမယင်ကောင်အုပ်ကြီးက ဝိုင်းဝန်းအမဲဖျက်သကဲ့သို့ဖြစ်သွားလေတော့သည်။ထိုမိုးကြိုးငှက်မှာ အမှုန့်ပင်ရှာမရတော့ချေ။

   လီဇီက ထိုစွမ်းအားကိုမြင်သည်တွင်အလွန်ထိတ်လန့်နေ၏။

'' ဘယ်လိုတောင်ကြောက်စရာကောင်းတဲ့ စွမ်းအားလဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Dove le storie prendono vita. Scoprilo ora