အပိုင်း ၆၃ ပျားတူကောင်အသိုက်ကိုဘာလို့အကြောင်းပြချက်မရှိသွားကန်ရတာလဲ၊ ကြည့်စမ်း...လိုင်အိုသေသွားပြီ
'' မင်းလိုကောင်မျိုးက အင်ပါယာငယ်ဖြစ်ဖို့ထိုက်တန်တယ်တဲ့လား...''
ချူခွမ်းရန်ကလိုင်အိုကို အေးစက်တည်ငြိမ်သောလေသံဖြင့် ပျက်ရယ်ပြုလိုက်သည်။
လိုင်အိုသည်အလွန်ဒေါသထွက်လာပြီး သူ၏မျက်လုံးများမှာဒေါသကြောင့်နီရဲလာ၏။သူက အင်ပါယာငယ်တစ်ပါးဖြစ်သည် ဒီလိုစော်ကားမှုကိုဘယ်လိုလုပ်သည်းခံနေရမှာလဲ...။
'' ချူခွမ်းရန်...ငါမင်းကိုသတ်မယ်''
သူ၏ခန္ဓာကိုယ်ကိုအနက်ရောင်လျှပ်စီးများဖုံးလွမ်းလားပြ်ိး ချုခွမ်းရန်ကိုဒေါသတကြီးဖြင့် တဟုန်ထိုးတိုက်ခိုက်လိုက်သည်။
သူလျှပ်စီးကဲ့သို့အလျင်ဖြင့်ရွေ့လျားလိုက်၏။
အနည်းဆုံးတော့ ကြည့်ရှု့နေသူများ၏မျက်စိထဲတွင်သူသည် အလွန်ပင်မြန်ဆန်လွန်းလှသည်။
အရင်ကချူခွမ်းရန်သည်လည်း ဤအလျင်ကိုကိုင်တွယ်နိုင်မည်မဟုတ်ချေ သို့သော်ယခုအချိန်တွင် ၄င်းသည်သူ၏မျက်စိထဲတွင်ဘာမှမဟုတ်တော့ပေ။
သူသည်လည်း အများကြီးတိုးတက်လာခဲ့သည်မဟုတ်ပါလား။
သူသည် ထိပ်တန်းအခြေခံသုံးခုအပါအဝင်၊ ထိပ်တန်းခရမ်းရောင်နန်းတော်နှင့် ဝင်ပေါက်ကိုးခုဓားနှလုံးသားကိုပါပိုင်ဆိုင်ထားသေးသည်။၄င်းတို့သည် သူ့ကိုကမ္ဘာ့စံနှုန်းကိုကျော်လွန်သွားစေသည်။
ထို့ကြောင့်လိုင်အိုတိုက်ခိုက်လာချိန်တွင် ချူခွမ်းရန်ကသူ၏လှုပ်ရှားမှုများကိုပိတ်ဆို့ထားပြီးဖြစ်သည်။ကမ္ဘာမြေကြီးကတုန်လှုပ်လာပြီး တောင်တစ်လုံးထွက်ပေါ်လာသည်။
လိုင်အိုကနောက်တစ်ကြိမ်လွင့်စင်သွားရပြန်သည်။
'' ဒီလောက်ကြောက်စရာကောင်းတဲ့စွမ်းအားတွေ...ရပ်တန့်မရတော့ပါလား...''
လိုင်အိုကတခဏခန့်သတိလွတ်သွားခဲ့သော်လည်း ဖြည်းဖြည်းချင်းပြန်လည်သတိဝင်လာသည်။ထို့နောက် နောက်တစ်ကြိမ်တိုးဝင်လာပြန်သည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...