အပိုင်း ၃၇၇ သိမ်မွေ့ကောင်းကင်က အခြေအနေများကိုခက်ခက်ခဲခဲ အောင်နိုင်ခြင်း

402 44 0
                                    

အပိုင်း ၃၇၇ သိမ်မွေ့ကောင်းကင်က အခြေအနေများကိုခက်ခက်ခဲခဲ အောင်နိုင်ခြင်း၊ ကြည့်ရတာဒီလောက်ဆိုးပုံမပေါ်ပါဘူး...

'' မင်္ဂလာပါ၊ အစ်ကိုယွင်‌ထောင်...''

   ချူခွမ်းရန်က ညင်သာစွာပြုံး၍နှုတ်ဆက်လိုက်သည်။သူ၏နှုတ်ဆက်သံကိုကြားသောအခါ ယွင်‌ထောင်နှင့် တခြားအကြီးအကဲများက မျက်မှောင်ကြုတ်လိုက်၏။အထူးသဖြင့်အကြီးအကဲများက ချူခွမ်းရန်ကိုစိတ်ကွက်သွားကြသည်။

   ချူခွမ်းရန်သည် ပညာရှင်အဆင့်အောက် လူတစ်ဦးသာဖြစ်သည်။

   တာအိုမာစတာ ယွင်‌ထောင်ကမူ ပညာရှင်အုပ်စိုးသူတစ်ဦးဖြစ်၏။

    ကျင့်ကြံခြင်းအခြေခံတွင်ဖြစ်စေ၊ အသက်အရွယ်အားဖြင့်ဖြစ်စေ ချူခွမ်းရန်က မာစတာယွင်‌ထောင်နှင့် အလွန်ကွာခြား၏။ သူနောက်ထပ် နှစ်ရာပေါင်းများစွာအသက်ရှင်ခဲ့လျှင်ပင် ကွာခြားချက်ကကြီးမားနေဦးမည်သာ။

   ဤသို့ဆိုလျှင် ချုခွမ်းရန်က မာစတာယွင်‌ထောင်ကို အဘယ်ကြောင့် တန်းတူနှုတ်ဆက်ရသနည်း။

သူကအလွန်သတ္တိကောင်းလွန်းနေသလော။

'' ဟမ့် ဘယ်သူ့ကိုညီအစ်ကိုလို့ခေါ်လိုက်တာလဲ၊ ရိုင်းလိုက်တာ...''

အကြီးအကဲတစ်ယောက်က ငေါက်ငမ်းလိုက်သည်။

ချူခွမ်းရန်က ထိုလူကိုတစ်ချက်စိုက်ကြည့်လိုက်ကာ ပြောလိုက်၏။

   '' ဘာကိစ္စရှိလို့လဲ...၊ အစ်ကိုယွင်‌ထောင်က သိမ်မွေ့ကောင်းကင်ရဲ့ခေါင်းဆောင်၊ ကျုပ်က ကောင်းကင်နက်ဂိုဏ်းရဲ့ခေါင်းဆောင်၊ ဘာမသင့်တော်တာရှိလို့လဲ၊ ကောင်းကင်နက်ဂိုဏ်းက သိမ်မွေ့ကောင်းကင်အောက် နိမ့်တယ်လို့ ပြောချင်တာလား...''

   ချူခွမ်းရန်သည် အစောကတည်းက ဤအကြီးအကဲများ သူ့ကိုမထီမဲ့မြင်ပြုနေသည်ကိုသိရှိပြီးဖြစ်သည်။ ထို့ကြောင့် သူ၏သဘာဝအရ ရန်သူကိုလုံးဝအလျော့မပေးနိုင်ပေ။ထိုလူများက သူ့ကိုသဘောမကျမှတော့ သူကလည်း နောက်ထပ်အမုန်းပွားသည်ဖြစ်စေ ဂရုစိုက်နေမည်မဟုတ်ချေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Nơi câu chuyện tồn tại. Hãy khám phá bây giờ