အပိုင်း ၅၀ ရှန်ကလန်၏ အင်ပါယာငယ်၊ မင်းသမီးကအိပ်ထောင်ပြုချင်သည်
'' တော်ဝင်အဇူရာပြည်ထောင်ရဲ့ အိမ်ရှေ့စံမင်းသားဂူချန်ဂီတောင် ငါ့ဆီက ဓားတစ်ချက်ကိုမခံနိုင်ခဲ့ဘူး၊ ပြီးတော့မင်းက ငါရဲ့အားတစ်ဝက်ပဲပါတဲ့ဓားချက်ကိုမခံနိုင်ဘူး၊ မဟုတ်ဘူး...အခုဆိုရင် ဂူချန်ဂီတောင် ငါ့ရဲ့အားတစ်ဝက်ပဲပါတဲ့ ဓားချက်ကိုတောင်ခံနိုင်ရည်ရှိမှာမဟုတ်တော့ဘူး...''
ချူခွမ်းရန်က ကလေးဆန်စွာပြောသည်။
သူဂူချန်းဂီကို ဖိနှိပ်ခဲ့တုန်းက အ ခြေတည်စိတ်ဝိညာဥ်အစောပိုင်းအဆင့်ကို ချိုးဖျက်ခဲ့ရုံမျှသာရှိသေးသည်။ယခုသူသည် အခြေတည်စိတ်ဝိညာဥ်ပြီးပြည့်စုံခြင်းအဆင့်ကို ချိုးဖျက်ခဲ့ပြီဖြစ်သည်။အကယ်၍ယခုသူသာဂူချန်ဂီနှင့်နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ရလျှင် သူ့ကိုဖိနှိပ်ရန်ယခင်ကထက်ပိုမိုလွယ်ကူမည်ဖြစ်သည်။
ဂူချန်းဖန်က ပြန်လည်ချေပရန်စကားလုံးရှာမတွေ့ပဲ သူ၏မျက်နှာဖြူဖျော့နေပြီး ရှက်ရွံနေ၏။အကယ်၍တော်ဝင်မင်းသမီးသာ မကာကွယ်ခဲ့လျှင် သူကထိုဓားချက်ကိုလုံးဝခံနိုင်ရည်ရှိမည်မဟုတ်ပေ။
တခြားသော ကောင်းကင်သားတော်များသည်လည်း ထိုစကားကိုကြားသည်တွင် မျက်နှာမကောင်းကြပေ။
ဂူချန်းဂီက ကျင့်ကြံခြင်းနယ်မြေခြောက်ခုလုံးကို ဆက်တိုက်အနိုင်ယူခဲ့သည်ဟု ဆိုကြသည်။၄င်းသည်အမှန်ဖြစ်လျှင်ပင် ဂူချန်ဂီသည် ချူခွမ်းရန်၏ မျက်လုံးထဲတွင် ထိုက်တန်သည့်သူမဟုတ်သေးပေ။
ဒါဆိုရင် သူတိုက မည်သိုဖြစ်သွားမည်နည်း။
သူတိုထဲမှတစ်ချိုမှာ ဂူချန်းဂီလောက်ပင်မသန်မာကြပေ။
ချူခွမ်းရန်၏မျက်လုံးထဲတွင် သူတိုသည် နှိင်းယှဥ်ရန်ပင် မသင့်တော်ဟုဆိုလိုခြင်းမဟုတ်ပါလား။
ဤကမ္ဘာကြီးတွင်ကြီးမားသောစစ်ပွဲကြီးများနှင့် ပဋိပခများဖြစ်ပွားနေကြသည်။
အမှန်ကဤတိုက်ပွဲသည် ကမ္ဘာတစ်ဝန်းလုံးက ကောင်းကင်သားတော်များအကြားတိုက်ပွဲသာဖြစ်သင့်သည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...