136-140

709 57 5
                                    

အပိုင်း ၁၃၆ ဆိုးဝါးသောနတ်ဘုရားဖီးနစ်ဥ၊ အင်ပါယာလက်နက်မြင့်မြတ်သောမြ ဓားသေတ္တာ

'' ဓားတစ်ရာရောင်စဥ်ဟုတ်လား...၊ ကြားရတာစိတ်ဝင်စားစရာကောင်းမယ့်ပုံပဲ၊ ဒါပေမဲ့ အဲ့တာကတရားဝင်ကော ဟုတ်ရဲ့လား...''

အရေးကြီးဆုံးအချက်မှာ ထိုကျော်ကြားသောဓားစာရင်းကိုဖြန့်ဝေသောအခါ ကမ္ဘာကြီး၏အသိအမှတ်ပြုမှုကို ခံရခြင်းပင်ဖြစ်သည်။မဟုတ်လျှင် ၄င်းသည်လူထုဟာသတစ်ခု သာသာဖြစ်သွားပေလိမ့်မည်။

'' ဖန်းမိသားစုက ဒီစာအုပ်ကိုပြုစုဖို့အတွက် သတင်းအချက်အလက်တွေကို စုဆောင်းလာခဲ့တာနှစ်တွေအများကြီးကြာခဲ့ပြီ၊ ပညာရှင်တွေရဲ့သတင်းအချက်အလက်တွေအပြင်၊ ကျော်ကြားတဲ့ဓားတွေနဲ့ ဓားသမားတွေကိုသူတို့ကနားလည်ထားတယ်၊ ဒါကြောင့်ဒီစာအုပ်က တရားဝင်ဖြစ်လုနီးနီးပဲ...''

'' ဟင်း...ဒါဆိုလည်း ​ရှေ့ဆက်စောင့်ကြည့်ရမှာပေါ့...''

ချူခွမ်းရန်က အပြုံးတစ်ခုဖြင့်ပြောသည်။

နေ့တစ်ဝက်ခန့်စကားပြောဆိုပြီးနောက် လီချင်းချန်ပြန်သွား၏။

အပြင်ဘက်တွင်...

လီချင်းချန်၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်လုံးထုတ်လွှတ်လိုက်ပြီး အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်ဖြစ်ပေါ်လာ၏။

'' ချင်းချန်...မင်းသူငယ်ချင်းက မျက်စိနဲ့မြင်ရသလောက်မရိုးရှင်းဘူးပဲ...''

'' ဒါပေါ့ အစ်ကိုချူက ဒီမျိုးဆက်မှာ အထူးခြားဆုံးကောင်းကင်သားတော်တွေထဲက တစ်ယောက်ပဲလေ...''

'' ဒါတင်မကေသေးဘူး...သူနဲ့တွေ့လိုက်တဲ့အချိန်တွင် ငါ့ကိုစောင့်ကြည့်ခံနေရသလိုခံစားနေရတယ်၊ ပြီးတော့ သူ့ရဲ့စစ်ဆေးမှုကနေလွတ်ဖို့ ငါ့ရဲ့အော်ရာတွေကို ထိန်းချုပ်ထားဖို့ဖိအားပေးခံရတယ်...''

'' ဘာ...အစ်ကိုချူက ဆရာ့ရဲ့တည်ရှိမှုကိုအာရုံခံနိုင်တာလား...''

လီချင်းချန်က အံဩသင့်သွားသည်။

နောက် ဆုံးတွင် သူ၏ဆရာသည် ပညာရှင်အုပ်စိုးသူတစ်ယောက်၏စိတ်ဝိညာဥ် အပိုင်းအစဖြစ်နေသည်မဟုတ်ပါလား...။ အဓိပတိမြင့်မြတ်သခင်များပင် သူ၏တည်ရှိမှုကို အာရုံခံနိုင်မည် မဟုတ်ချေ။ဒါပေမဲ့ ချူခွမ်းရန်က ဘယ်လိုလုပ်နိုင်တာလဲ..။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now