အပိုင်း ၇၆
ကြာဖြူကျောင်းတော်သို့ လည်ပတ်ခြင်း၊ ကြာဖြူမိန်းမပျို ဖြင့် ယှဥ်ပြိုင်ခြင်းကြာဖြူကျောင်းတော်သည် အဇူရာ နဂါး ကုန်းမြေရဲ့ တောင်ပိုင်းနိုင်ငံများတွင် တည်ရှိပြီး အရွယ်အစားအမျိုးမျိုး ရှိသော လူမျိုးသုံးဆယ်ကျော် နေထိုင်ကြသည်။ အခြား ကျင့်ကြံခြင်း နယ်မြေများနှင့် မတူဘဲ ကြာဖြူကျောင်းတော်အောက်ရှိ နယ်မြေများသည် ဘာသာရေးဆိုင်ရာ လွှမ်းမိုးမှုကို မကြာခဏ ခံရသည်။
တောင်ပိုင်း နိုင်ငံများတွင် နေထိုင်သူ အများစုသည် ကြာဖြူကျောင်းတော်အပေါ် လုံးဝ သစ္စာစောင့်သိသူများဖြစ်ပြီး ထိုဟာက လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းက ဖြစ်ပျက်ခဲ့သော ကြောက်မက်ဖွယ် ကပ်ဘေးကနေ အစပြုခဲ့၏။
ဒဏ္ဍာရီ အရ လွန်ခဲ့သော နှစ်ပေါင်း နှစ်သောင်းခန့်က နတ်ဆိုးတစ်ကောင်သည် ငရဲမှ တက်လာပြီး တောင်ပိုင်းနိုင်ငံများတွင် ကြောက်မက်ဖွယ် ဘေးဒုက္ခများဖြစ်ပေါ်စေခဲ့သည်။ မရေတွက်နိုင်သော အသက်များဆုံးရှုံးခဲ့ရပြီး ကျန်များစွာက သူတို့၏ အိုးအိမ်များ ဆုံးရှုံးခဲ့ရ၏။
ထို အမှောင်ခေတ်က သွေးနှင့် မျက်ရည်များ ပြည့်နှက်စေခဲ့သည်။ ယခုအချိန်ထိ တိုင်အောင် ထိုအဖြစ်အပျက်က တောင်ပိုင်းနိုင်ငံများ၏ သမိုင်းစာအုပ်များထဲတွင် မှတ်တမ်းတင်ထားလျက် ရှိ၏။
ထို့နောက် ၊ ဒီနေရာတွင် ပညာရှင် အုပ်စိုးသူ တစ်ယောက် ပေါ်လာခဲ့ပြီး မရေတွက်နိုင်သော အသက်ပေါင်းများစွာကို ကယ်တင်ကာ နတ်ဆိုးအား ကမ္ဘာမြေကြီး အောက်တွင် ချက်ချင်း တံဆိပ်ခတ်ခဲ့သည်။
ထိုပညာရှင် အုပ်စိုးသူက ကြာဖြူကျောင်းတော်၏ တည်ထောင်သူ ဖြစ်သော ပညာရှင်အုပ်စိုးသူ ကြာဖြူ မှလွဲပြီး တခြားသူ မဟုတ်ပေ။
ပညာရှင် အုပ်စိုးသူ ကြာဖြူ ကွယ်လွန်ပြီး နှစ်ပေါင်းများစွာ ကြာသွားသော်လည်း သူ၏ ပုံပြင်များသည် တောင်ပိုင်းနိုင်ငံများရှိ လူအများကြားတွင် ပဲ့တင်ထပ်နေဆဲဖြစ်သည် ။ လူများစွာက သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်ကြပြီး နှလုံးသား ဝိညာဥ်များကို သူနှင့် နီးကပ်စေရန် ပေးအပ်ကြသည်။
ထိုကဲ့သို့ အဖြစ်အပျက်မျိုးတွင် ကြာဖြူကျောင်းတော်သည် ဝမ်းသာစွာ ဖြင့် ၎င်းတို့၏ သြဇာလွှမ်းမိုးမှုကို အသုံးချရန် မတွန့်ဆုတ်ခဲ့ကြပေ။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...