အပိုင်း ၄၁ စစ်ဧကရာဇ်နယ်မြေ

733 71 0
                                    

အပိုင်း ၄၁ စစ်ဧကရာဇ်နယ်မြေ၊ မြင့်မြတ်သခင်တစ်ဦး ထပ်မံပေါ်ထွက်လာ​ခြင်း၊ ကြီးမြတ်သော စစ်ဧကရာဇ် သုံးဦးကိုဖိနှိပ်ခြင်း...

''သူတို့ကို သတ်စမ်း''

ရီပိုင်ဖန်းက အော်ဟစ်လိုက်သည်။

ချူခွမ်းရန်ထက် နှစ်ဆင့်မြင့်သော စစ်ဧကရာဇ်တစ်ပါး၏ စွမ်းအားသည် သူ့ထံမှပေါက်ကွဲထွက်လာ၏။သူက လန်ယုကိုပြင်းထန်သော ဓားတစ်ချက်ဖြင့်တိုက်ခိုက်လိုက်သည်။

ချူခွမ်းရန်က တစ်ချက်စောင်းကြည့်လိုက်သည်။

သူကခြေတစ်လှမ်းလှမ်းကာ လန်ယု၏ရှေ့တွင်မတ်တပ်ရပ်လိုက်သည်။ထို့နောက် စွမ်းအားကြီးမားသောအုပ်စိုးသူအဆင့်နည်းစနစ်တစ်ခုဖြစ်သည့် ကောင်းကင်သတ်ဖြတ်ခြင်းဓားကွက်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်ရန် ပြင်လိုက်သည်။

ဓားအလင်းနှစ်ခုသည် ထိတွေ့မိသည်နှင့် ကျယ်လောင်စွာပေါက်ကွဲသွားပြီး အားလှိုင်းများသည် ဒီရေလှိုင်းလုံးကြီးများသဖွယ်ထွက်ပေါ်လာ၏။

'' သူက ငါ့ရဲ့ဓားနဲ့တိုက်ခိုက်မှုကို တားဆီးနိုင်တယ်တဲ့လား...''

ရီပိုင်ဖန်းက လုံးဝအံ့ဩသွားခဲ့သည်။စစ်ဧကရာဇ္တစ်ပါးရဲ့တိုက်ခိုက်မှုကို အခြေတည်စိတ်ဝိညာဥ် ကျင့်ကြံသူတစ်ယောက်ကတားဆီးနိုင်တယ်တဲ့လား။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက တိုက်ပွဲအတွင်းကိုဝင်ရောက်လာ၏။

၄င်းသည် ရီမိသားစု၏ဒုတိယမြောက်သား ရီပိုင်ဖန်း၏ ညီငယ်ဖြစ်သည်။

'' မင်းဒါကိုဘယ်လိုတားဆီးမလဲကြည့်ရတာပေါ့...''

ရီမိသားစု၏ ဒုတိယသားက ကောက်ကျစ်စွာပြုံးလိုက်သည်။သူက ချူခွမ်းရန် ရီပိုင်ဖန်း၏တိုက်ခိုက်မှုကို တားဆီးနေသည့်အချိန်ကိုစောင့်ဆိုင်းနေခြင်းဖြစ်ပြီး ချောင်းမြောင်းတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ဤအကြောင်းသာ အပြင်သို့ပျံ့နှံ့သွားခဲ့လျှင် နှစ်ယောက်လုံးသည် အရှက်တကွဲဖြစ်ရမည်ဖြစ်သည်။

အခြေတည်စိတ်ဝိညာဥ် အဆင့်ကိုတိုက်ခိုက်ရန် စစ်ဧကရာဇ်နှစ်ယောက်ပူးပေါင်းခဲ့ပြီး တစ်ယောက်က ချောင်းမြောင်းတိုက်ခိုက်လိုက်သေးသည်။သူတို့နောက်နေတာလား...။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now