106-110

709 47 11
                                    

အပိုင်း ၁၀၆ ချူခွမ်းရန် ဝိညာဥ်စွမ်းအားကုန်ခမ်းသွားတဲ့အထိစောင့်၊ သူသေကိုသေရမယ်

တောင်မြစ်မြို့တော်တွင် သာမန်ပြည်သူပြည်သားများသည် ကောင်းကင်စူးစမ်းခြင်းကြေးမုံမှမြင်ရသော မြင်ကွင်းကိုကြည့်ကာ တုန်လှုပ်နေကြသည်။သူတို့သည် ပြောစရာစကားမဲ့နေကြ၏။

ပုံရိပ်နှစ်ခုသည် နတ်ဆိုးတစ်သိန်းခန့်ကို အခက်အခဲမရှိရင်ဆိုင်နေကြသည်။

မဖြစ်နိုင်တာ

မည်သူမတိုထိုနှစ်ယောက်သည် နတ်ဆိုးကျင့်ကြံသူများကိုဖိနှိပ်ထားကြောင်းပြောနိုင်၏။

မြက်ပင်ကိုဓားနှင့်ဖြတ်သကဲ့သို့ နတ်ဆိုးကျင့်ကြံသူထောင်ပေါင်းများစွာမှာ အသတ်ခံနေကြရသည်။

'' သူတို့က အရမ်း...အရမ်းစွမ်းအားကြီးတာပဲ...''

ကျင့်ကြံသူတစ်ယောက်ကတံတွေးမျိုချလိုက်သည်။သူ၏မျက်နှာမှာ အ့ံဩတုန်လှုပ်မှုတို့ပြည့်နေ၏။

မဝေးသောတစ်နေရာတွင် ေအာင်ချန်းနှင့် တခြားကောင်းကင်သားတော်များသည်လည်း ထိုအဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့နေကြရသည်။

တခြားသောကျင့်ကြံသူများကဲ့သို့ပင် သူတို့သည် ချူခွမ်းရန်၏ခွန်အားအပြည့်အဝနှင့်ပတ်သတ်ပြီး ပြောစရာစကားမဲ့နေကြ၏။

''  သူတို့နှစ်ယောက်က နတ်ဆိုးတစ်သိန်းကို အနိုင်ယူနိုင်တာလား...''

'' ကြောက်စရာအကောင်းဆုံးက သူရဲ့ကြာဖြူခံစစ်ပဲ...အဲ့ဒီကြာဖြူပွင့်တွေက လာသမျှတိုက်ခိုက်မှုတွေကို ပျက်ပြယ်သွားစေပြီး သူနတ်ဆိုးကျင့်ကြံသူတွေကို ထိန်းထားနိုင်တဲ့အကြောင်းအရင်းပဲ၊ သူ့ရဲ့ဘေးမှာလန်ယုမရှိရင်တောင်မှ ချူခွမ်းရန်ရဲ့အခြေအနေက ဘာမှထူးခြားသွားမှာမဟုတ်ဘူး...''

အောင်ချန်း၏အကြည့်က ေကာင်းကင်စူးစမ်းခြင်းကြေးမုံတွင်စွဲကပ်နေ၏။

' ဒီခေတ်မှာရှိနေကြတဲ့ကောင်းကင်သားတော်တွေက ဂူချန်းဂီ၊ ဖန်တျန်းနဲ့ တခြားသူတွေအဆင့်လောက်ပဲရှိကြတာမဟုတ်လား...ဘယ်သူကမှ ငါ့လို ေရှးခေတ်ကောင်းကင်သားတော်တွေနဲ့ယှဥ်လို့မရဘူး...'

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now