အပိုင်း ၂၉ သူတို့ကို ပွင့်လန်းခွင့် ပြုလိုက်ပါ

968 85 0
                                    

အပိုင်း ၂၉ သူတို့ကို ပွင့်လန်းခွင့် ပြုလိုက်ပါ ၊
ငါတစ်ယောက်တည်း ပေါ်လွင်နေလိမ့်မယ်

ဂူချန်းဂီ ကို အနိုင်ယူပြီးနောက် ချူခွမ်းရန် သည် ရုတ်တရက် မြင့်မြတ်သခင်ရွှမ်ချီ ထံမှ ဂိုဏ်းပြင် ထွက်ပြီး လေ့ကျင့်ရန် ခွင့်တောင်းခဲ့သည်။ ဘာပဲဆိုစေ မြစ်တွေ စီးဆင်းနေပြီး ဧရာမ တောင်တန်းကြီးတွေ ရှိနေတဲ့ ကောင်းကင်နက်ဂိုဏ်း၏ ပတ်ဝန်းကျင်တွင် အမြဲနေထိုင်တာက အလွန်ငြိမ့်ငွေ့စရာ ကောင်းပေသည်။

ထို့ပြင် သူသည်  သူ့လက်ထဲ ဝှက်ဖဲ အနည်းငယ် အနည်းငယ်ရရှိရန် သူ၏ အခြေတည်စိတ်ဝိညာဥ် စွမ်းရည်ကို ကျင့်ကြံရပေအုံးမည်။ အခုချိန်မှာတော့ သူက သူ့ဘာသာကာကွယ်နိုင်နေပြီး စွမ်းစားခန်းထွက်ဖို့ အချိန်တန်လေပြီ ။

'' ဖန်လုံ အိမ်ရဲ့ နွေးထွေးမှုအောက်မှာ သိမ်းဆည်းထားတဲ့ ပန်းကလေး တစ်ပွင့်မှာ မုန်တိုင်းတွေရဲ့ ကြမ်းတမ်းမှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ခွမ်းရန်၊
မင်းကို အပြင်ထွက်ဖို့ တားမြစ်တာမဟုတ်ဘူး...
ဒါပေမဲ့ ငါ မင်းအတွက် ကိုယ်ပိုင် သက်တော်စောင့် တစ်ယောက် လွှဲ​ပြောင်းဖို့အတွက် ကောင်းကင်နက် ဂိုဏ်းထဲမှာ နှစ်ရက်စောင့်ပေးရမယ် ''
မြင့်မြတ်သခင် ရွှမ်ချီ ကပြောလိုက်သည်။

ခရီးတစ်ခုကို ထွက်သွားသည့် အခြားဂိုဏ်းကြီးတွေရဲ့ ကောင်းကင်သားတော် တစ်​ယောက်အတွက် ၊ သူတို့ရဲ့ ဘေးကင်းမှုကို သေချာစေရန် ကိုယ်ရေးကိုယ်တာ ကာကွယ်သူ တစ်ယောက်ကို များသောအားဖြင့် တာဝန်ပေးကြသည်။

အထူးသဖြင့် ၊ ချူခွမ်းရန် လို ကောင်းကင်သားတော် တစ်​ယောက် အတွက် ပိုပြီး ထည့်သွင်း စဥ်းစားရပေလိမ့်မည်။

'' ကောင်းပြီ ''
ချူခွမ်းရန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

သူ့အား သက်တော်စောင့် အဖြစ် မည်သူကို ခန့်အပ်မည်လဲ ဆိုတာကို သိချင်မိသည်။

...............

ကောင်းကင်နက်ဂိုဏ်း ၊ တောင် နောက်ကွယ်...

စိမ်းလန်းစိုပြေသော ဝါးတောအတွင်း ၊
တဲအိမ်လေး တစ်ချို့...

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now