အပိုင်း ၁၈ တစ်​ေထာင်သော ဓားတာအိုကိုပြသခြင်း၊

946 98 0
                                    

အပိုင်း ၁၈ တစ်​ေထာင်သော ဓားတာအိုကိုပြသခြင်း၊ အုပ်စိုးသူအဆင့်နည်းစနစ်အားဖန်တီးခြင်း

တာအိုဉာဏ်အလင်းကတ်၏ အားဖြည့်ပေးမှုကြောင့် ချူခွမ်းရန်၏ဉာဏ်အလင်းအခြေအနေသည် မယုံကြည်နိုင်စရာအဆင့်သို့ရောက်ရှိသွားသည်။ထိပ်တန်းနည်းစနစ်များသည်လည်း ထမင်းစားရေသောက်သကဲ့သို့လွယ်ကူလာ၏။ထိုမြင်ကွင်းသည် အရှင်ရွမ်ချီနှင့် တခြားသူများကိုထိပ်လန့်တုန်လှုပ်စေခဲ့သည်။

'' ဒါက တကယ့်ကိုထိတ်လန့်စရာပဲ ဟုတ်တယ်မလား ''

'' မင်းပြောတာမှန်တယ် ကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ''

အရှင်ရွမ်ချီ နှင့်တခြားသူများသည် အချင်းချင်းဘာဖြစ်နေတာလဲသိလာဟူသည့်အမူအရာဖြင့်ကြည့်နေကြသည်။

သို့သော်လည်းတာအိုဉာဏ်အလင်းဆိုသည်မှာ မတော်တဆကြုံတွေ့နိုင်သောအရာဖြစ်ပြီး ရှာဖွေ၍မရနိုင်ပေ။၄င်းသည် ထူးခြားသောအခြေအနေဖြစ်သည်။

ထိုအချိန်တွင်ချူခွမ်းရန်သည် ငါးထပ်မြောက်ကိုရောက်ရှိနေပြီဖြစ်သည်။ငါးထပ်မြောက်သည် စာကြည့်တိုက်၏အမြင့်ဆုံးအထပ်ဖြစ်ပြီး ကောင်းကင်နက်ဂိုဏ်း၏အခြေခံအုတ်မြစ်လည်းဖြစ်သည်။ထိုအထပ်တွင် ဒါဇင့်နှင့်ချီသော အဆင့်လွန်နည်းစနစ်များရှိသည်။

စာအုပ်စင်တိုင်းတွင် ထိပ်တန်းကျင့်ကြံခြင်းနည်းစနစ်တို့ဖြင့်ပြည့်နက်နေသည်။မဟာကျင့်စဥ်အောက်နိမ့်သော ကျမ်းစာတစ်တွဲသာရှိသည်။

လေးထပ်မြောက်နှင့်မတူသည်မှာ ဒါဇင်နှင့်ချီသော ကျင့်ကြံခြင်းနည်းစနစ်များကို ကျောက်ပြားများပေါ်တွင်ထွင်းထုထား၏။တချို့မှာ လက်ဟန်ပုံစံများဖြစ်ပြီး တစ်ချို့မှာဓားအမှတ်သားများဖြစ်ကာ တစ်ချို့မှာ ထူးဆန်းသောအဆောင်လက်ဖွဲ့သဏ္ဍာန်များဖြစ်ကြသည်။

ကျောက်ပြားတိုင်းသည် တာအိုစဥ်းမျဥ်းများကိုရှင်းပြနေသကဲ့သို့ တာအိုဓမ္မတေးသံများထွက်ပေါ်နေသည်။အကယ်၍မြင့်မားသောကျင့်ကြံခြင်းအခြေခံသို့မဟုတ် သာလွန်သောနားလည်သဘောပေါက်နိုင်စွမ်းတို့မရှိလျှင် ဤကျောက်ပြားများထံမှမည်သည့်အရာကိုမှနားလည်နိုင်မည်မဟုတ်ပေ။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now