အပိုင်း ၂၇ အစစ်အမှန် နဂါးသွေး အဆီအနှစ်

908 88 0
                                    

အပိုင်း ၂၇ အစစ်အမှန် နဂါးသွေး အဆီအနှစ်  ၊
ဓား တစ်ချက်မျှသာ

ဂူချန်းဂီ သည် သူ ခံစားနေရသော ထိပ်လန့်နေတဲ့ စိတ်ကို တည်ငြိမ်စေပြီး အေးစက်စက် ပြန်ပြောလိုက်သည်။
'' ဘာပဲ့ ဖြစ်ဖြစ် ၊ ငါ ဒီနေ့ မင်းကို အနိုင်ယူပြမယ် ''

ထိုအချိန်ထိ သူက မရပ်တန့်နိုင်သော နှလုံးသားကို ပြီးမြောက် ရန် ခြေလှမ်းနည်းနည်း ဘဲ လိုအပ်ပါတော့သည် ။ အကယ်၍ ယခု သူသာ ချူခွမ်းရန် ကို ရှုံးသွားခဲ့လျှင် သူ့ရဲ့ အရင်ကြိုးစားထားသမျှ အကုန်လုံးက အလဟသ ဖြစ်သွားပေလိမ့်မည်။

ဒီလိုမျိုးဖြစ်အောင် သူ ခွင့် မပြုသင့်ဘူး။

'' ငါ့ရဲ့ အိမ်ရှေ့စံမင်းသား ၊ ဒီလူက အရမ်း သာမန်လွန်းတယ် ၊ ငါကြောက်မိတာက... ''

ဝတ်ရုံဖြူ ဝတ် အဖိုးကြီးက မဝံ့မရဲ ပြောလိုက်၏။

သူ့ရဲ့ စာကြောင်းက မပြီးသေးပေမဲ့ အဓိပ္ပာယ် က ကျယ်လောင်ပြီး ရှင်းလင်းသည်။

ချူခွမ်းရန် က မဟာ တာအိုခန္ဓာ နှင့် ပညာရှင်အုပ်စိုးသူ နည်းစနစ် ကို ပိုင်ဆိုင်ပြီး ထိပ်တန်း အခြေခံ အဆင့် သုံးခုကို သူတို့ရဲ့ အမြင့်ဆုံး အခြေအနေ ထိ မြှင့်တင်ထား၏။ သူ့ရဲ့ ခွန်အား သည် သူ့နယ်ပယ် ထက်ကျော်လွန်နေသည်။

ပေါ့ပေါ့ပါးပါး ဓားတစ်ချက်က သူ့ကို ဒဏ်ရာ ရစေဖို့ လုံလောက်ခဲ့၏။

တိုက်ပွဲသာ ဆက်ဖြစ်ခဲ့လျှင် ဂူချန်းဂီ သေချာပေါက် ကျဆုံးပေလိမ့်မည်။

'' အကြီးအကဲ အိုးရန် ... လူငယ်တွေကို သူတို့ကိစ္စတွေကို သူတို့ကိုယ်တိုင် ဖြေရှင်းခွင့် ပြုလိုက်ပါ ။ ဘာလို့ ဒီကိစ္စထဲ ဝင်စွက်ဖတ် နေရတာလဲ? ''
မြင့်မြတ်သခင် ရွမ်ချီ သည် အဖြူရောင် ဝတ်ရုံ ဝတ်လူအိုကြီး ကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြောလိုက်၏။

ဝတ်ရုံဖြူဝတ် လူကြီး၏ အမည်မှာ အိုးရန် ဖြစ်ပြီး
အဇူရာ တော်ဝင်မင်းဆက်ရဲ့ ပြောရေးဆိုခွင့် ရှိသူ နှင့် ဂူချန်းဂီ ၏ ကိုယ်ပိုင် သက်တော်စောင့် တစ်ယောက်ဖြစ်သည်။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်က မြင့်မြတ် သခင် အဆင့်ဖြစ်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now