အပိုင်း ၃၈၅ ​မြွေနတ်ဘုရား၏ကြီးမားသောလှောင်အိမ်

402 41 0
                                    

အပိုင်း ၃၈၅ ​မြွေနတ်ဘုရား၏ကြီးမားသောလှောင်အိမ် ၊ပင်လယ်နက်ပိုင်းတွင်ချိတ်ပိတ်ခြင်း

'' အခုသေတော့...''

မြွေနတ်ဘုရားကကျယ်လောင်စွာဟိန်းဟောက်လိုက်သည်။ရေလှောင်အိမ်ထဲ တွင်စီးဆင်းနေသော ရေစီးကြောင်းများက လက်ထိပ်များအသွင်ပြောင်းသွားပြီး ချူခွမ်းရန်ကိုချုပ်နှောင်လာ၏။

ပြီးနောက် မြွေနတ်ဘုရားက ချူခွမ်းရန်ဆီသို့ပြေးဝင်လာလေသည်။

၄င်းသည် အလွန်သန်မာသောရုပ်ပိုင်းဆိုင်ရာအင်အားကိုပိုင်ဆိုင်ထားသဖြင့် ထိုတိုက်ခိုက်မှုသည် တောင်တစ်လုံးကိုပင် ချက်ချင်းကြွေမွသွားစေနိုင်သည်။ထိုတိုက်ခိုက်မှုကြောင့်ချူခွမ်းရန်သည်အပိုင်းပိုင်းကြွေမွသွားနိုင်၏။

ထိုအချိန်ချူခွမ်းရန်၏ခန္ဓာကိုယ်ပတ်လည်တွင် အကာအကွယ်အလွှာတစ်ခုပေါ်လာလေသည်။

ယခုအခါ သဲသဲမဲမဲတိုက်ခိုက်နေသော ရေစီးစွမ်းအားမှာလည်းသီးခြားခွဲထုတ်ခံလိုက်ရပြီး ပြင်းထန်သောဓားချီကသူ့ကိုယ်မှပေါက်ကွဲထွက်လာရာ ချူခွမ်းရန်ကို ချည်နှောင်ထားသော ရေအကျဥ်းလက်ထိပ်များမှာလည်း ချက်ချင်းပျက်စီးသွား၏။ထို့နောက် ချူခွမ်းရန်၏ပုံရိပ်က အလင်းတန်းသဖွယ်​ပြောင်းသွားပြီး မြွေနတ်ဘုရား၏တိုက်ခိုက်မှုကိုရှောင်တိမ်းလိုက်လေသည်။

မြွေနတ်ဘုရားက အနည်းငယ်အံ့ဩသွား၏။

'' မင်းက ရေအကျဥ်းလက်ထိပ်ကို ချိုးဖျက်နိုင်တယ်လား...''

သူ၏ကျင့်ကြံခြင်းအခြေခံကြောင့် ကြီးမြတ်သောပညာရှင်တစ်ယောက်သည်ပင် ထိုရေအကျဥ်းလက်ထိပ်မှအလွယ်တကူလွတ်မြောက်နိုင်မည်မဟုတ်ချေ။

သို့သော် ကြီးမြတ်သောပညာရှင်ပင်မဟုတ်သေးသော ချုခွမ်းရန်က ထိုအရာမှလွတ်မြောက်နိုင်သည်။

'' နေပါဦး...သူ့ခန္ဓာကိုယ်ပတ်လည်က စွမ်းအားစက်ကွင်းက...''

ထိုအခါမှ မြွေနတ်ဘုရားက ချူခွမ်းရန်၏ခန္ဓာကိုယ်ကိုလှည်ပတ်နေသော စွမ်းအားစက်ကွင်းနှင့်ပတ်သတ်ပြီး တစ်စုံတစ်ခုထူးခြားနေသည်ကို သတိထားမိသွားသည်။ထူးခြားသည့် အရိပ်အယောင်က သူ့မျက်လုံးထဲတွင် ဖြတ်ပြေးသွားသည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now