အပိုင်း ၅၈ တာအိုဉာဏ်အလင်း၊ ပညာရှင် ကိုသတ်မယ်

676 66 2
                                    

အပိုင်း ၅၈ တာအိုဉာဏ်အလင်း၊ ပညာရှင် ကိုသတ်မယ်၊ ပညာရှင်တောက်ပသောလမင်းပြန်ပေါ်လာခြင်း

ကြီးမြတ်သောကိုးဆင့်ခရမ်းရောင်နန်းတော် ကိုဖွဲ့စည်းပြီးသည်နှင့် သူတို့၏အနီးအနားတွင် ထူးခြားသောအရာ တစ်ချို့ဖြစ်ပေါ်လာ၏။

တာအိုစည်းချက်များသည် ဦးတည်ရာအားလုံးသို့ ပဲ့တင် ပျံ့နှံသွားသည်။

ပညာရှင် အလင်းနက်သည် အားနည်းသောအခြေအနေတွင် ရှိသောကြောင့် ထိုတာအိုစည်းချက်များကိုမဖယ်ရှားနိုင်ခဲ့ပေ။

တာအိုစည်းချက်များသည် ပတ်ဝန်းကျင်ကို ဆက်တိုင်ဆိုသလို စိမ့်ဝင်ပျံနှံ့သွားပြီး လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ပျံ့နှံသွားသည်။

ကောင်းကင်းသားတော်များသည် ထိုအရာကို သတိထားမိကြ၏။

သူတို့အားလုံးသည် မီးခိုးရောင်မြူအတွင်းကို ကြည့်လိုက်ကြသာအခါ ပုံရိပ်ယောင်ကဲ့သို့သော ခရမ်းရောင်နန်းတော်တစ်ခု ထွက်ပေါ်လာကာ ၄င်းထံမှ ခရမ်းရောင်အလင်းတန်းများ မှိန်ဖျော့ဖျော့တောက်ပနေပြီး လှည့်ပတ်နေသည်ကိုတွေ့လိုက်ရသည်။

ထိုတာအိုနန်းတော်သည် အလွန်တရာမှခမ်းနားထည်ဝါပြီး ထိုနန်းတော်ထဲတွင် တိုင်ကိုးတိုင်ပါဝင်နေသည်ကိုတွေ့ရ၏။

လူတိုင်းသည် ထိုနန်းတော်ကိုမြင်သည်နှင့် တစ်ခုတည်းကိုသာ တွေးတောမိကြသည်။

'' ခရမ်းရောင်နန်းတော်...''

'' တစ်၊ နှစ်၊ သုံး...ချီးပဲ...ဝိညာဥ်စွမ်းအားတိုင်ကိုးတိုင်ပါလား... ဒါက ကြီးမြတ်သော ကိုးဆင့်ခရမ်းရောင်နန်းတော်မလား... ဘုရားရေမယုံနိုင်စရာပဲ ဘယ်သူကများ ဒီလိုထူးခြားတဲ့ အခြေခံကို သိပ်သည်းနိုင်ခဲ့တာလဲ...''

'' အဲ့တာဘယ်သူဖြစ်နိုင်မလဲ... ခရမ်းရောင်မြူအတွင်းမှာတောင် ဘယ်သူကများ ဒီလိုလုပ်နိုင်တာလဲ...''

'' နေပါအုံး ပြောကြတာက ကောင်းကင်နက်ဂိုဏ်းရဲ့စီနီယာအစ်ကိုကြီးက ထိပ်တန်းအခြေခံအုတ်မြစ်သုံးခုလုံးကို သိပ်သည်းနိုင်ခဲ့တယ်တဲ့ အခုလုပ်နေတာကရော သူများဖြစ်နိုင်မလား....''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Hikayelerin yaşadığı yer. Şimdi keşfedin