အပိုင်း ၃၉ အဖြူရောင်တိမ်တိုက်​မြို့တော်၏ မြင့်မြတ်သခင်ဓားသမားပေါ်ထွက်လာခြင်း

768 80 0
                                    

အပိုင်း ၃၉ အဖြူရောင်တိမ်တိုက်​မြို့တော်၏ မြင့်မြတ်သခင်ဓားသမားပေါ်ထွက်လာခြင်း..၊သတ္တမဘိုးဘေး ပြန်လည် ရှင်သန်တက်ကြွလာခြင်း

ကောင်းကင်ပျက်စီးခြင်း အဆင့်ငါး...

ချူခွမ်းရန်က ၄င်းကိုအရင်ကကြားဖူးသည်။ ၄င်းသည်ကျင့်ကြံသူတစ်ယောက်က သူ၏ကျင့်ကြံခြင်းတွင် ဆက်လက်မတိုးတက်နိုင်တော့ပဲ သေဆုံးတော့မည့် သူတို့၏ အဆင့်ဖြစ်သည်။

မြင့်မြတ်သခင်များနှင့် ပညာရှင်များပင် ထိုအဆင့်သို့ရောက်ရှိရန်ကြော က်ရွံ့ကြသည်။သို့သော်လည်းယခုအချိန်တွင် သတ္တမဘိုးဘေးသည် ကောင်းကင်ပျက်စီးခြင်း အဆင့်ငါးတွင်ဖြစ်သည်။

သူက သူ၏ဝိညာဥ်စွမ်းအားကို ပြင်းထန်စွာသုံးစွဲမည်ဆိုလျှင် သူ၏ခန္ဓာကိုယ်၏သေဆုံးခြင်းဖြစ်စဥ်သည် ပိုမိုလျှင်မြန်လာမည်ဖြစ်သည်။

ချူခွမ်းရန်က သူ၏စိတ်ထဲတွင်စိုးရိမ်ကြောင့်ကြလျှက်ရှိသည်။သို့သော် သူ၏မျက်နှာတွင် မပေါ်စေပဲပြောလိုက်သည်။

'' ငါဒီနေ့ မြို့တော်ခန်းမမှာ မင်းတို့ဘာလုပ်ခဲ့တယ်ဆိုတာကိုမှတ်ထားတယ်''

'' စီနီယာ ငါတို့ထွက်သွားကြတာပေါ့...''

ချူခွမ်းရန်က ထွက်ခွာရန်ပြင်လိုက်သည်။

'' ကလေး..မင်းဒီမကောင်းတဲ့အကောင်တွေကို မသတ်ဘူးလား...''

သတ္တမဘိုးဘေး၏ အသံသည်အေးစက်နေပြီး သတ်ဖြတ်ခြင်းအငွေ့အသက်များထွက်ပေါ်လျက်ရှိသည်။

သူ၏ပြင်းထန်သော အော်ရာသည် လေထုထဲတွင်ကြီးစိုးလျှက်ရှိပြီး တစ်ဦးတစ်ယောက်မျှမလှုပ်ရှားရဲကြပေ။

ချူခွမ်းရန်ကမယုံကြည်နိုင်စွာကြည့်လိုက်သည်။

' စိတ်ထိန်းဦးလေ အဖိုးကြီး..'

' ခင်ဗျားအခြေအနေခင်ဗျားသိရဲ့လား...'

' ဒီယင်ကောင်လေးတွေကို သတ်လိုက်တာကကိစ္စမရှိပေမဲ့...မြို့ထဲမှာ ရီဝူဟန်တစ်ယောက်ရှိသေးတယ်လေ..''

'' တကယ်လို့ခင်ဗျားလှုပ်ရှားလိုက်ရင် ခင်ဗျားရဲ့ခန္ဓာကိုယ်ကဘယ်လောက်ထိခံနိုင်ရည်ရှိမယ်ထင်လို့လဲ...''

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now