အပိုင်း ၂၁၁ ကောင်းကင်နက်ဂိုဏ်းရဲ့ဘိုးဘေးရောက်ရှိလာပြီ၊ ပညာရှင်နှစ်ယောက်ကိုသုတ်သင်ခြင်း၊ ဒီလောက်ဆိုတော်ပြီ
'' ဒါက ငါနဲ့ဘာမှမဆိုင်ပါဘူး...''
မုရုံယွီက မုရုံကလန်၏ဒုတိယဘိုးဘေးဘာမှမပြောနိုင်ခင်မှာပင် ခုခံကာကွယ်ပြောလိုက်၏။
သူက ချူခွမ်းရန် စတုတ္ထဘိုးဘေးအားသုတ်သင်လိုက်သည်ကိုကြည့်ကာ ကြောက်ရွံ့နေခဲ့ပြီဖြစ်သည်။သူသည် ယခင်ကမုရုံချန်းအပေါ်တွင် ပြုလုပ်ခဲ့သမျှကိုနောင်တရနေပြီဖြစ်၏။ထိုကြောင့် သူကသူပြုလုပ်ခဲ့သမျှကိုငြင်းဆန်နေခဲ့ပြီဖြစ်သည်။
ထိုကြောင့်သူက သူ့အမေတွေ ဘာတွေဂရုမစိုက်နိုင်တော့ချေ။
'' ဒီကိစ္စတစ်ခုလုံးကို ကျုပ်အမေကစီစဥ်ခဲ့တာပါ...၊ ကျုပ်နဲ့ဘာမှမသက်ဆိုင်ပါဘူး...''
မုရုံယွီက အပြင်းအထန်ရှင်းပြလိုက်၏။
ချူခွမ်းရန်က မုရုံယွီကိုတစ်ချက်စောင်းကြည့်လိုက်သည်။
'' အိုး...မင်းက တကယ်ကို သားကောင်းတစ်ယောက်ပဲ...''
သူ၏ဓားချီကိုယ်ပွားအနည်းငယ်က ၄င်း၏သားကောင်ရှေ့တွင်ရောက်ရှိနေပြီးဖြစ်သည်။၄င်းတို့၏ ဓားချီများကပေါက်ကွဲထွက်လာပြီး သတ်ဖြတ်ခြင်းဓားချီ ကွန်ရက်တစ်ခုအဖြစ်ရောယှက်ပေါင်းစပ်သွားလေ၏။
မုရုံယွီက မုရုံချန်းကိုသတ်သည်ဖြစ်စေ သူဂရုမစိုက်ပေ သို့သော် သူသည်လင်ကလန်၏မျိုးဆက်ဖြစ်သောကြောင့် အနာဂတ်တွင်အနှောင့်အယှက်မဖြစ်စေရန် ကျူပင်ခုတ်ကျူငုတ်မကျန်အောင် ရှင်းပစ်ရမည်ဖြစ်လေသည်။
'' မဟုတ်ဘူး...''
မုရုံယွီက ကြောက်ရွံတုန်လှုပ်စွာဖြင့် သူ၏ဓားဖြင့်ထိုဓားချီကို ကာကွယ်လိုက်၏။
မုရုံကလန်ခေါင်းဆောင်နှင့် တခြားသူများကလည်း အကူအညီပေးရန်ပြေးဝင်လာကြ၏။သိုသော်သူတိုသည်လည်း ဓားချီကိုယ်ပွားအများအပြားဖြင့် ရင်ဆိုင်နေရသဖြင့် သူတိုလုပ်နိုင်သည်မှာ ဘာမှမရှိချေ။
တခဏကြာသော အခါ မုရုံယွီက ထိုဓားချီဖြင့်သတ်ဖြတ်ခြင်းကိုခံလိုက်ရသည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...