311-315

578 56 2
                                    

အပိုင်း ၃၁၁ ကောင်းကင်ဘုံအင်ပါယာကျန်းနှင့်တိုက်ခိုက်ခြင်း၊ တခြားသောပညာရှင်များပါဝင်ပါလာခြင်း

    '' ချူခွမ်းရန်...ငါမင်းကိုပွင့်ပွင့်လင်းလင်းမတောင်းပန်နိုင်ဘူး၊ ဒါပေမဲ့ ငါတို့လျော်ကြေးကိစ္စကို ညှိလို့ရပါတယ်...''

ကောင်းကင်ဘုံအင်ပါယာကျန်းက ပြော၏။

   '' ဖင်ခံလိုက်...''

ချူခွမ်းရန်က ကဲ့ရဲ့လိုက်၏။

    '' ကောင်းကင်အင်ပါယာနန်းတော်က ကျုပ်အပေါ်ဝိညာဥ်ကျောက်တုံးတစ်ဘီလီယံခွဲနဲ့ ပညာရှင်လက်နက်နှစ်ခုအကြွေးတင်နေသေးတယ်၊ ဒါတောင် ကျုပ်ကလျော်ကြေးကိုဂရုစိုက်မယ်လို့ ခင်ဗျားထင်နေတုန်းလား...''

'' ဒါဆို ညှိနှိုင်းတဲ့ကိစ္စက အဆင်မပြေတော့ဘူးပေါ့...''

'' အမှန်ပဲ...ခင်ဗျားပွင့်ပွင့်လင်းလင်းအမှန်တရားကိုဝန်ခံပြီး ကျုပ်ရဲ့တပည့်တွေအတွက် တရားမျှတမှု ပေးရင်ပေး မဟုတ်ရင်တော့ ကျုပ်ပထမမြို့ကိုဖျက်စီးပြီး ဒုတိယလိုက်လာမှာက ကောင်းကင်အင်ပါယာ နန်းတော်ပဲဖြစ်လိမ့်မယ်...''

   ချူခွမ်းရန်က လေထုထဲမှနေ၍ မောက်မာစွာဆိုသည်။

    အုပ်ချုပ်ရေးမှူး သုံးနှင့် ကောင်းကင်ဘုံအင်ပါယာကျန်းတို့သည် ချူခွမ်းရန်၏စကားကိုကြားသည်နှင့်ရှုံ့မဲ့သွားကြ၏။

    '' ချူခွမ်းရန်...တပည့်အနည်းငယ်အတွက်ဖြစ်ရတဲ့ဒီပြဿနာသေးသေးလေးကို မင်းတကယ်ပဲဒီလောက်ထိအကျယ်ချဲ့စရာလိုလို့လား...''

    ကောင်းကင်ဘုံအင်ပါယာကျန်းက ချုခွမ်းရန်ကိုလုံးဝမနားလည်နိုင်ဖြစ်နေသည်။

    ပွဲကြည့်ပရိတ်သတ်များ၏ စိတ်ထဲတွင်လည်း ထိုမေးခွန်းသည် ပဟေဌိ အဖြစ်ရှိနေသည်။

    ကောင်းကင်နက်ဂိုဏ်းက ပြိုင်ပွဲကိုအနိုင်ရခဲ့၏။တပည့်အချို့ ဒဏ်ရာရသွားသည်မှအပ တခြားကိစ္စထွေထွေထူးထူးမရှိခဲ့ချေ။

     သံသယတစ်ချို့အတွက် ချူခွမ်းရန်က ဒီလောက်ထိလွန်လွန်ကဲကဲတုံ့ပြန်စရာလိုလို့လား...။ဒါကရူးတာပဲမလား...။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now