အပိုင်း ၇၉ သားတော် တစ်ဦး ဖြစ်လာခြင်း

656 52 0
                                    

အပိုင်း ၇၉
သားတော် တစ်ဦး ဖြစ်လာခြင်း၊ အဓိက ကျင့်ကြံခြင်းနယ်မြေကြီး သုံးခုမှ ကာကွယ်မှု

“ မင်း တို့အားလုံး ဘာလုပ်နေကြတာလဲ?”

သတ္တမမြောက် ဘိုးဘေး နှင့် အဖွားအို တစ်ဦး တို့သည် လေပေါ်လမ်းလျှောက်ရင်း ချူခွမ်းရန်ကို ကာကွယ်နေသည်။

အဓိပတိ မြင့်မြတ်သခင် တို့၏ အော်ရာများ ထူထပ်လာကာ သူတို့ မျက်လုံးများသည် မြင့်မြတ်သခင် တချို့ကို မလွတ်တန်း ကြည့်နေ၏။ သူတို့ထဲမှ တစ်ယောက်သာ ရဲရဲဝံ့ဝံ့ လှုပ်ရှားရဲလျှင် ချက်ချင်း လက်တုန့်ပြန်ပေလိမ့်မည်။

တချို့ မြင့်မြတ်သခင်များသည် အဓိပတိ မြင့်မြတ်သခင်များ ‌ရှေ့မှောက်တွင် လှုပ်ရှားမှု ပြုလုပ်ရန် တွန့်ဆုတ်နေကြသဖြင့် သူတို့သည် ဘာမှ မတတ်နိုင်ဘဲ ချူခွမ်းရန်ကို အားကိုးရာမဲ့ စိုက်ကြည့်နေကြသည်။
ကြာဖြူ အလင်း သန့်စင်ခြင်းအတွက် ပြီးပြည့်စုံသော နည်းစနစ်ကို တစ်စုံတစ်ယောက်က သင်ယူနိုင်လိုက်မည်လို့ သူတို့ အိပ်မက်ထဲမှာပင် ယောင်ပြီး မတွေးမိခဲ့ပေ။

သို့ပေမဲ့၊ ထိုပုဂ္ဂိုလ်သည် ကြာဖြူကျောင်းတော်မှ မဟုတ်သော အခါ အကြီးအကဲများက ထိုင်ကြည့်ရုံသာ တတ်နိုင်သည်။ နောက်ဆုံးမှာ၊ ၎င်းက ကျင့်ကြံခြင်း နယ်မြေကြီး တစ်ခုလုံးရဲ့ ရှင်သန်မှု နှင့် သက်ဆိုင်နေသည် မဟုတ်ပါလား။

သူစိမ်း တစ်ယောက်ကို ထိန်းချုပ်ခွင့် ဘယ်လိုလုပ် ပေးနိုင်မှာလဲ?

“ အဲ့နေရာမှာ ရပ်စမ်း”
ထို အချိန်တွင်၊ မိန်းမကြီး တစ်ယောက်၏ အသံကို ကြားလိုက်ရ၏။ ကြားခံနယ်မှ အဖြူရောင် ဝတ်စုံ ဆင်ယင်ထားသော သက်လတ်ပိုင်း အရွယ် မိန်းမတစ်ဦးသည် စိတ်ကူးယဥ် ဒြပ်မဲ့ နယ်ပယ် မှ လှမ်းထွက်လာသည်။

ချူခွမ်းရန်၏ မျက်လုံးမှာ တာအို သင်္ကေတများ မှိန်တုတ်တုတ် ဖြစ်သွား၏။

“ပိုင်ချန်း၊ ကြာဖြူကျောင်းတော်၏ ခေါင်းဆောင်။ အဓိပတိ မြင့်မြတ်နယ်ပယ် ကျင့်ကြံသူ...”

သူရဲ့ လုပ်ရပ်က ကျောင်းတော် ခေါင်းဆောင်ကိုတောင် အံ့အားသင့်စေခဲ့သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now