အပိုင်း ၃၈၄ မြွေနတ်ဘုရားနှင့်တိုက်ခိုက်ခြင်း

437 39 0
                                    

အပိုင်း ၃၈၄  မြွေနတ်ဘုရားနှင့်တိုက်ခိုက်ခြင်း၊ အသားပိုင်းမှ ပြန်လည်ရှင်သန်လာခြင်း၊ တောင်ပံပါမြွေနဂါး ရှေးဟောင်းသားရဲရိုင်း

   ချူခွမ်းရန်သည် သမုဒ္ဒရာမျက်နှာပြင်တွင် ဝံ့ကြွားစွာ ရပ်နေ၏။
   သူသည် ပတ်ဝန်းကျင်ရှိ သင်္ဘောများကို ကြည့်ပြီးနောက် သမုဒ္ဒရာအထက်၌ ထွက်ပေါ်လာပြီး လှိုင်းလုံးကြီးများဖြစ်ပေါ်စေသော သူ၏ အရိပ်မဲ့ကို ကြည့်လိုက်သည်။

ထို့နောက်၊ သူသည် သူ၏ ဝိညာဥ်စွမ်းအင်များကို ဖြန့်ကျက်လိုက်ပြီး ကလေးသုံးထောင်ပါသော သင်္ဘောကို မ,ကာ အရိပ်မဲ့ပေါ် တင်လိုက်သည်။

ကျန်ရှိနေသေးသော သင်္ဘောများကိုလည်း အလားတူ လုပ်ဆောင်ခဲ့၏။

    အရိပ်မဲ့က အလွန်ကြီးမားရာ ထိုသင်္ဘောများအားလုံးကို ကုန်းပတ်ပေါ်ထားရန် လုံလောက်သည်ထက် ပိုကျယ်ဝန်းသည်။

    သို့ရာတွင်၊ အရိပ်မဲ့ကုန်းပတ်ပေါ်သို့ နောက်ဆုံးသင်္ဘောကို တင်ခါနီးတွင် အလွန်ကြီးမားသော ရေလှိုင်းလုံးတစ်ခုက ပင်လယ်ပြင်မှ ထွက်ပေါ်လာ၏။

   ရေလှိုင်းလုံးသည် အလွန်ကြီးမားသဖြင့် အရိပ်မဲ့ကိုပင် ၎င်းအတွင်း နစ်မြှုပ်သွားနိုင်သည်။

    အရိပ်မဲ့က စတင်လှုပ်ခါလာ၏။ လူတိုင်း၏ အံ့အားသင့်မှုအောက်တွင်၊ မြွေနတ်ဘုရားသည် အရိပ်မဲ့တစ်ခုလုံးကို သမုဒ္ဒရာအောက်သို့ ဆွဲချလိုက်ပြီး ကုန်းပတ်ပေါ်ရှိ ယဇ်ကောင်အားလုံးကိုလည်း ဝါးမြိုလိုက်၏။

“ ဟမ့်၊ ဘယ်လောက် ရူးလိုက်သလဲ”
ချူခွမ်းရန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

   အရိပ်မဲ့လောက် ကြီးမားသော သို့မဟုတ် ပိုကြီးသော မည်သည့် သာမန်သင်္ဘောမဆို မြွေနတ်ဘုရား၏စွမ်းအားကြောင့် သမုဒ္ဒရာအနက်ပိုင်းသို့ ဆွဲချခံရနိုင်သည်။

   သို့ရာတွင်၊ အရိပ်မဲ့ကား သာမန်သင်္ဘောမဟုတ်ချေ။

   အရိပ်မဲ့၏ ထိန်းချုပ်မှုများကို ကျွမ်းကျင်သည့် ချူခွမ်းရန်သည် အတွေးတစ်ချက်ဖြင့် ၎င်း၏ ကာကွယ်ရေးအစီအရင်နည်းစနစ်ကို အသက်သွင်းလိုက်၏။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now