အပိုင်း ၃၇၈ သတ္တုတူးဖော်ခြင်း၊ မာစတာယွင်ထောင် ခေါင်းခဲခြင်း...
မဟူရာကောင်းကင်ကျောက်နက်သည် ကုန်ဆုံးသွားခဲ့ပြီဖြစ်သဖြင့် မာဟတာယွင်ထောင်က ချုခွမ်းရန်ကို ကိုယ်တိုင်တူးဖော်ရန်ခွင့်ပြုပေးခဲ့သည်။
မကြာခင်သူတို့သည် ကျောက်ကြောသို့ရောက်ရှိလာ၏။
တစ်ချို့က သတ္တုတူးဖော်နေကြပြီး တစ်ချို့ကကျောက်တုံးများကိုထုခွဲနေကြသည်။
'' ဂိုဏ်းချုပ်...''
ကျောက်နက်တူးဖော်ရေးကို တာဝန်ယူထားသောအကြီးအကဲတစ်ဦးက သူတို့ထံသို့ ချဥ်းကပ်လာ၏။
ထိုလူကိုမြင်သောအခါ ချူခွမ်းရန်၏ မျက်လုံးထဲတွင် ထူးဆန်းသောအကြည့်တစ်ခုဖြစ်ပေါ်လာသည်။
'' ခင်ဗျားက ပထမမြို့တော်ရဲ့ တတိယအုပ်ချုပ်ရေးမှူးမလား၊ ကျုပ်ခင်ဗျားကိိုဒီမှာတွေ့ရလိမ့်မယ်လို့ မထင်ထားဘူး...''
ထိုအကြီးအကဲသည် အမှန်ပင်ပထမမြို့တော်၏ တတိယအုပ်ချုပ်ရေးမှူးဖြစ်သည်။
'' ချူခွမ်းရန်...''
တတိယအုပ်ချုပ်ရေးမှူးကလည်း အံ့ဩသွားသည်။သူတို့က အချင်းချင်းဒီနေရာတွင်ပြန်တွေ့ရလိမ့်မယ်ဟု မထင်ထားခဲ့ပေ။
'' မင်းတို့နှစ်ယောက်က သိနေကြတာလား...''
မာစတာယွင်ထောင်ကမေးလိုက်သည်။
ချူခွမ်းရန်ကခေါင်းညိတ်ပြလိုက်သည်။
'' ဘယ်လောက်တောင်တိုက်ဆိုင်လိုက်သလဲ၊ အကြီးအကဲဆယ့်နှစ်က မကြာသေးခင်ကပဲ သိမ်မွေ့ကောင်းကင်ကိုပူးပေါင်းထားတာ၊ သူက ပြင်ပလောကကြီးမှာ သိမ်မွေ့ကောင်းကင်ရဲ့ အမွေအနှစ်တစ်ခုကို ဆက်ခံနိုင်ခဲ့တယ်လေ၊ နောက်ကျတော့ ငါတို့ဂိုဏ်းကိုပူးပေါင်းလိုက်တာပဲ...''
မာစတာယွင်ထောင်က ပြုံးကာပြောသည်။
သိမ်မွေ့ကောင်းကင်မှ အင်ပါရီယန်လျှောက်လှမ်းသူများသည် ခေတ်အဆက်ဆက်ကပင် ပြင်ပကမ္ဘာကြီးကိုထွက်ခွာခဲ့ကြသည်။သို့သော်သူတို့က ယခုအင်ပါရီယန်လျှောက်လှမ်းသူများကဲ့သို့ ထင်ထင်ပေါ်ပေါ်မနေပဲ လျှို့ဝှက်စွာနေထိုင်ခဲ့ကြခြင်းဖြစ်သည်။သူတို့က ပြင်ပကမ္ဘာကြီး၏ အခြေအနေကိုနားလည်သဘောပေါက်ရန်နှင့် အခွင့်အလမ်းကောင်းအချို့တို့ကိုသာ ရှာဖွေရန်ရည်ရွယ်ခဲ့ကြခြင်းဖြစ်သည်။
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...