အပိုင်း ၃၆ အလင်း လှံတံ၊လျို့ဝှက်ချက်တစ်ချို့နှင့်တောက်ပသောပွဲဦးထွက်

737 71 0
                                    

အပိုင်း ၃၆ အလင်း လှံတံ၊လျို့ဝှက်ချက်တစ်ချို့နှင့်တောက်ပသောပွဲဦးထွက်

ချူခွမ်းရန်၏ကဗျာကိုကြားပြီးနောက်တွင် သူ့အပေါ်လီယီ၏အမြင်မှာ ကြီးစွာပြောင်းလဲသွားခဲ့သည်။သူ၏ဂုဏ်သတင်းနှင့်အတူ ကောင်းကင်နက်ဂိုဏ်း၏စီနီယာအစ်ကိုကြီးဟူသောဂုဏ်ပုဒ်ကိုပါထည့်ပေါင်းလိုက်လျှင် သူကအရေးကြီးဧည့်သည်တစ်​ေယာက်လိုဆက်ဆံခံရတော့သည်။

လီချင်းချန်က သူ့ကိုဟိုတယ်၏စျေးအကြီးဆုံးဇိမ်ခံခန်းကို ပေးခဲ့သည်။၄င်းမှာ အလွန်ကောင်းမွန်သဖြင့် ချူခွမ်းရန်သည်ပင်လျှင် ဧကရာဇ်နန်းတော်လားဟု ထင်ရလောက်အောင်အ့ံဩသွားခဲ့၏။

'' ဒီနေ့အစ်ကို ချူအတွက်ပွဲတစ်ပွဲစီစဥ်ပေးရမလား...မြို့ထဲကလူငယ်တွေနဲ့ အစ်ကို့ကိုမိတ်ဆက်ပေးမယ်လေ...''

ချင်းချန်ကြည့်ရသည်မှာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။

'' ကောင်းပြီလေ...''

ချူခွမ်းရန်ကခေါင်းညိတ်ကာလက်ခံလိုက်သည်။

ခမ်းနားသောအခန်းထဲတွင် ချူခွမ်းရန်ကသူရရှိခဲ့သော ရတနာများကို ခွဲခြမ်းစိတ်ဖြာနေသည်။

သူက ယင်ယန်လက်စွပ်အတွင်းရှိ ပြိုးပြိုးပြက်ပြက်တောက်ပနေသော ရတနာများကိုကြည့်လိုက်မိသောအခါ မရည်ရွယ်ပဲမျက်မှောင်ကြုပ်လိုက်မိသည်။

'' ဒါက အရမ်းရှုပ်ပွနေတာပဲ...''

ဆေးများ ၊လက်နက်များ၊ ကျမ်းစာအုပ်များ အစရှိသည်ဖြင့်ပျံ့ကြဲနေ၏။ ချူခွမ်းရန်ကဲ့သို့ အသန့်ကြိုက်သူများအတွက် ၄င်းသည် အတော့်ကိုသည်းမခံနိုင်စရာပင်ဖြစ်သည်။ထို့ကြောင့် သူအားလုံးကို သပ်သပ်ရပ်ရပ်စီစဥ်ထားလိုက်သည်။

အရှင်ယွမ်လင်၏ရတနာများမှာ များပြားလှသဖြင့် ပြီးစီးရန် နာရီဝက်ခန့်အချိန်ယူလိုက်ရသည်။

'' စိတ်ကူယဥ် လှည့်ဘီးကရတဲ့ နေရာလွတ်ကပိုပြီးအဆင်ပြေနေတုန်းပဲ...''

ချူခွမ်းရန်ကတွေးလိုက်သည်။ထိုနေရာသည်အသေးစိတ် စာရင်းနေရာဖြစ်သည်။ သူဘာကိုမှမထုတ်ယူသရွေ့ အရာအားလုံးက သူ့နေရာနှင့်သူ အစီစဥ်တစ်ကျရှိနေမည်ဖြစ်သည်။

ကျုပ်ကပြိုင်ဘက်ကင်း(ချူခွမ်းရန်)အတွဲ ၁ ကျုပ်ကပြိုင်ဘက်ကင်း (ချူခွမ်းရန်) အတွဲ ၁Where stories live. Discover now