အပိုင်း ၂၂၁ အဆင့်ကိုးပညာရှင်ဆေးလုံး၊ မင်းကိုဒီလိုဘယ်သူလုပ်လိုက်တာလဲ...
'' ချူခွမ်းရန်'' ဟူသောနာမည်ကိုကြားလိုက်ရသည်နှင့် ထိုစကားလုံးထဲတွင်နတ်ဆိုးစွမ်းအားတစ်မျိုးမျိုးပါဝင်နေသည့်အလား ပညာရှင်မီးခိုးကအလိုလိုရပ်တန့်လိုက်မိ၏။
သူက ကောင်းကင်နက်ဂိုဏ်းကိုကြောက်ရွံ့သည်။
ပညာရှင်နှစ်ဦးကိုသုတ်သင်ခဲ့သည်ဟုသတင်းထွက်နေသော ချူခွမ်းရန်ဆိုပိုတောင်ကြောက်သေးသည်။
'' ကောလဟာလတွေပြောတာက ချူခွမ်းရန်က ဒုက္ခိတတစ်ယောက်အတွက် မုရုံကလန်ကိုသွားသောင်းကျန်းပြီးတော့ သူတို့ရဲ့ဘိုးဘေးဗိမာန်ကိုဖျက်စီး၊ ပြီးတော့ သူတို့ရဲ့အင်ပါယာငယ်နဲ့ ပညာရှင်နှစ်ယောက်ကိုပါ သုတ်သင်ခဲ့တယ်တဲ့...၊ ဒါတွေသာအမှန်ဆိုရင် သူကတကယ့်ကိုရူးနေတာပဲ...''
'' သူ့လိုအရူးကို သွားပြီးရန်စလို့မကောင်းဘူး...''
သို့သော်သူသာယခုရပ်တန့်လိုက်လျှင်ချူခွမ်းရန်ကိုကြောက်ရွံ့သလိုဖြစ်သွားမည်ဖြစ်သည်။
ဤသို့တွေးလိုက်ကာ ပညာရှင်မီးခိုးက ဖျက်ခနဲခုန်လိုက်ပြီး လက်ဝါးချီများကိုစုစည်း၍ ကုကျန်းကိုရိုက်ချလိုက်လေ၏။ကုကျန်းသည် အနီးအနားတွင်ရှိသောတောင်နံရံတစ်ခုဆီသို့လွင့်စင်သွားလေသည်။
'' ဝေါ့...''
ကုကျန်းကချက်ချင်းသွေးတစ်လုတ်ကိုအန်ထုတ်လိုက်ရပြီး သူ၏မျက်နှာမှာဖြူဖျော့ကာ သူ၏ရင်ဘတ်မှာလည်းအတွင်းသို့နစ်ဝင်နေလေသည်။သူ၏အရိုးမည်မျှကျိုးသွားပြီး သူ၏မရီဒျာန်သွေးကြောမည်မျှပျက်စီးသွားကြောင်းသိတောင်မသိတော့ချေ။
သူက ပညာရှင်တစ်ယောက်၏လက်ညိုးတစ်ချောင်းကိုတောင်မကာကွယ်နိုင်ခဲ့ပေ။
ပညာရှင်တစ်ယောက်နှင့်နှိုင်းယှဥ်လျှင် မြင့်မြတ်သခင်တစ်ယောက်ဖြစ်သော သူကပုရွက်ဆိတ်သာသာဖြစ်လေသည်။
'' ကောင်းကင်နက်ဂိုဏ်းရဲ့မျက်နှာကြောင့်ငါမင်းကိုအသက်ရှင်ခွင့်ပေးလိုက်မယ်၊ ဒါပေမဲ့ ငါမင်းကိုအပြစ်တော့ပေးရမှာပဲ၊ ဒီတိုက်ခိုက်မူက ငါအပြစ်သေးသေးလေးပေးလိုက်တယ်လို့ပဲသတ်မှတ်လိုက်...''
YOU ARE READING
Actionအကျဉ်းချုပ်... ကျင့်ကြံခြင်းကမ္ဘာကို ရောက်ရှိသွားခဲ့တဲ့ ချူခွမ်းရန်မှာ ပထမဆုံး ဆယ်ကြိမ်အထိ ကံကောင်းခြင်းကို ဆက်တိုက်ဆွဲယူနိုင်တဲ့ ဂိမ်းပလပ်အင်တစ်ခု ပါလာတဲ့အခါမှာတော့... ဂုဏ်ယူပါတယ်... ပိုင်ရှင်က ဒဏ္ဍာရီအဆင့် စွန့်ပစ်အင်မော်တယ် အရှိန်အဝါကို ဆွဲယူနိ...